ဘီဘီစီ မြန်မာပိုင်း
26 နိုဝင်ဘာ 2019
၂) အင်ဂျင်နီယာတွေအဖမ်းခံထားရတဲ့အပေါ် လွတ်မြောက်ရေးဝိုင်းဝန်းကြိုး ပမ်းပေးဖို့ ဆောက်လုပ်
ရေး ဒုဝန်ကြီးတောင်းဆို
ရခိုင်ပြည်နယ်မှာ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ သွားရောက်ရင်း ရက္ခိုင့်တပ်တော် အေအေရဲ့ဖမ်းဆီးခံထားရတဲ့ အင်ဂျင်နီယာအချို့ ပြန်လည်လွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်း ပေးကြ ဖို့ ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်ကတဆင့်တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပေါက်တောနဲ့ ပုဏားကျွန်းမြို့နယ်တွေကို ဖြတ်ကျော်ပြီး ကု လားတန်မြစ်ပေါ်မှာဖောက်လုပ်မယ့် ကစ္စပနဒီတံတားစီမံကိန်းကိစ္စမေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာမှာ အ ထက်ပါအကြောင်းအရာကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အေအေရဲ့ဖမ်းဆီးခံထားရသူတွေထဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အငယ်တန်းအင်ဂျင်နီယာတစ်ဦးနဲ့ ကျွမ်း ကျင်လုပ်သားတစ်ဦးတို့ ပါဝင်တယ်လို့ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းကပြောပါတယ်။
အခုလို ဝန်ထမ်းတွေဖမ်းဆီးရတာတွေရှိနေပေမယ့်လည်းရခိုင်ပြည်နယ်က လမ်း၊ တံတား ဖောက်လုပ်ရေး ကိုတော့ ဝန်ကြီးဌာနအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။
၄) တပ်မတော်သား ၁၃ ဦးဖမ်းမိထားကြောင်း ရုပ်သံဖိုင်နဲ့တကွ အေအေထပ်ထုတ်ပြန်တပ်မတော် သား ၁၃ ဦးကိုဖမ်းဆီးရမိထားကြောင်း အေအေဘက်က ထုတ်ပြန်ချက်ကို တပ်မတော် ဘက်ကငြင်းဆန်အပြီး ဖမ်း ဆီးရမိထားတယ်ဆိုတဲ့ တပ်မတော်သားတွေရဲ့ ဓာတ်ပုံသာမက၊ စကားပြောတာကို ရိုက်ကူးထားတဲ့ ရုပ် သံ ဖိုင်ကိုပါ အေအေဘက်က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁ နာရီခန့်တွင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းဆက်စပ်လျက်ရှိသော ချင်း ပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင်ဘက်ရှိ တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း ဖမ်းဆီးရမိသူတွေလို့ ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကထုတ်ပြန်ထားပါတယ်။
ခုနှစ်မိနစ်ခန့်နီးပါးကြာမြင့်တဲ့အဆိုပါရုပ်သံဖိုင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ချခဲ့တယ်ဆိုတဲ့ တပ်မ တော်သားတွေကို နာမည်၊ ရာထူး၊ နေရပ်တွေကို မေးမြန်းမှတ်တမ်းတင်နေတာတွေပါပါတယ်။
AA ရဲ့ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိထားသူတွေမှာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၃၁၃ က ဖြစ်ပြီး တပ်စုမှူး ဗိုလ်အဆင့်ရှိသူတစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် သုံးဦးနှင့် တပ်သား ရှစ်ဦးပါဝင် တယ်လို့ ဆိုပါတယ်။
အေအေဘက်က ဖမ်းဆီးရမိထားတယ်ဆိုတဲ့ တပ်မတော်သားတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က က နဦးငြင်းဆိုထားပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် စိစစ်နေတယ်လို့ ပြောဆိုထားပါတယ်။
တပ်ဘက်က ဖမ်းမိထားသူတွေကို ဓာတ်ပုံနဲ့ အေအေ ထုတ်ပြန်၊ သုံ့ပန်း လဲရေး အေအေကမ်းလှမ်းအခြားသတင်း။
၅) မြန်မာနိုင်ငံက လိင်လုပ်သမတွေကိုအကာကွယ်ပေးနိုင်မယ့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေရေးဆွဲနေ
မြန်မာနိုင်ငံက လိင်လုပ်သားတွေကို အကာအကွယ်ပေးနိုင်မယ့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ရေးဆွဲ နေပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က နိုဝင်ဘာ ၂၅ရက်နေ့ကပြောပါတယ်။
ဒီအကြောင်းကို နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်၊မင်္ဂလာသီရိ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားမှာမိန့်ခွန်း ပြောကြားရာမှာထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ လုပ်မယ့် အစား ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ဆိုပြီးတော့ ပြန်လည် ပြင် ဆင်ရေးဆွဲ နေတယ်။ ပြည့်တန်ဆာဆိုင်ရာ ဥပဒေမှာတော့ ပြည့်တန် ဆာလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသ မီးတွေကို အဓိက အကာ အကွယ် ပေးဖို့ဖြစ်တယ်လို့ ဒေါ်စန်းစန်းအေးကပြောပါတယ်။
မြန်မာနိုင်ငံ မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတာမျိုးမရှိသလို ပြည့်တန်ဆာလုပ်ကိုင် ကြောင်း တွေ့ရှိပါက ဖမ်းဆီးအရေးယူခံရသလို၊ အသွင်ယူဖမ်းဆီးတာတွေကလည်း ရှိနေတာဖြစ်ပါတယ်။
လိင်အလုပ်သမတွေအနေနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရင်း အကြမ်းဖက်ခံရတာတွေရှိပါကလည်း တိုင်ကြားလို့မရတဲ့အခြေအနေမျိုးတွေရှိနေတယ်လို့ အမျိုးသမီးအရေးလုပ်ဆောင်သူတွေ ကပြောဆို ထားကြပါတယ်။
အခုပြင်ဆင်ရေးဆွဲနေတဲ့ဥပဒေမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေကို အကာအကွယ် ပေးထားမယ့် အ ချက်တွေပါမယ့်အပြင် ဒီလုပ်ငန်းနယ်ပယ်ကနေ လွတ်မြောက်လာဖို့နဲ့ ကျန်းမာရေး လူမှုဘဝ စီးပွားရေး လို အပ်ချက်တွေကို ဆောင်ရွက်ပေးမယ့် အချက်အလက်တွေကို ထည့်သွင်း ရေးဆွဲထားတယ်လို့ ဒေါက်တာ စန်းစန်းအေးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Link : Here
No comments:
Post a Comment