MENDIA LANN
27 October 2019
မနေ့က အမြန်ရေယာဉ်ပေါ်ကနေ ခေါ်ဆောင်သွားသူ အများအပြား သေဆုံးသွားပြီလို့ AA အဖွဲ့က ထုတ် ပြန်ပါ တယ်။ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တပ်မတော် ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၂ ဦး၊ အရပ်သား ၁၃ ဦး ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်ရန် နယ်ခြားစောင့်ရဲ လိုက် ပါလာသော အမြန်ရေယာဉ်ကို AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးသွားကြောင်း နယ် ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့က အတည်ပြုခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၂၆)ရက်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ထမ်းဆောင်မည့် နယ်ခြားစောင့် ရဲတပ် ဖွဲ့ဝင် စစ်တွေ-ဘူးသီးတောင်သွား အမြန်ရေယာဉ်နှင့်လိုက်ပါလာခဲ့ပြီး ရသေ့တောင်မြို့နယ်အနီး မေယုမြစ် ၌ AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင် အချို့က ဆိုသည်။
“ဒီမနက် စစ်တွေကနေ ဘူးသီးတောင်သွားတဲ့ ရွှေနဒီ ရေယာဉ်မှာ လိုက်ပါလာတဲ့ ရေယာဉ်က ရသေ့တောင် ကို နံနက် (၁၀)နာရီမှာ ရောက်တယ်။အဲ့ဒီ ရသေ့တောင်က အထွက် စုစုပေါင်း ရေယာဉ်မှာ လူ (၁၅၀)ပါ တယ်။အဲ့ဒီက (၅၀)ခန့်ကို အဖွဲ့အစည်းအချို့ ဖမ်းသွားတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက အတည် ပြုခဲ့ကြောင်းသိရှိရသည်။
Link : Here
No comments:
Post a Comment