Sunday, October 27, 2019

လေကြောင်းပစ်ခတ်မှုက ဖမ်းထားသူတွေကိုပါထိတယ်လို့ AA ပြော

လွတ်လပ်တဲ့ အာရှအသံ( RFA )
ဝေယံမိုးမြင့်
2019-10-27
စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
Photo: San Myat Shwe 
 
ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့နယ် အမြန်ရေယာဉ်တစီးပေါ်ကနေ သူတို့ ဖမ်းဆီးခေါ်ဆောင် ခဲ့သူတွေ ထဲက အများအပြားဟာ တပ်မတော်ရဟတ်ယာဉ် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွား ကြတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မနေ့က မနက်ပိုင်းမှာ တပ်နဲ့ ရဲအရာရှိတွေအပါအဝင် ခရီးသည် ၄၀ ကျော်ဖမ်းဆီးသွားတဲ့ AA တပ်ဖွဲ့ဝင်တွေနောက် ကို တပ်မတော်က လိုက်လံတိုက်ခိုက်ခဲ့ပြီး ခရီးသည်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါ တယ်။

တပ်မတော်ရဟတ်ယာဉ်က ပစ်ခတ်ရာမှာ အဖမ်းခံထားရသူတွေကို တင်ဆောင်လာတဲ့ စက်လှေတွေကို ထိခဲ့တယ်၊ စက်လှေ ၁ စီး ပျက်စီးသွားပြီး ၂ စီးနစ်မြှုပ်သွားတယ်၊ သေဆုံးသူတွေရှိသလို ထွက်ပြေး လွတ် မြောက်သွား သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အဖမ်းခံထားရသူတွေပါသလို AA အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီသေဆုံးမှုတွေအတွက် တပ်မတော်မှာပဲ တာဝန်ရှိတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောပါတယ်။

သေဆုံးသူ၊ ဒဏ်ရာရသူ၊ ထွက်ပြေးလွတ်မြောက်သူ စာရင်းအသေးစိတ်ကိုတော့ စိစစ်ပြီးရင် ထပ်မံထုတ်ပြန် သွားဖို့ ရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

မနေ့ကဖြစ်ရပ် ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း မန္တလေး တိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီး သည် တင်ကားကို ရက္ခိုင့်တပ်တော် AA က တားဆီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးကို ဖမ်းဆီးခဲ့ရာမှာ အခုချိန်ထိ တစ်ဦးမှ မလွတ်မြောက်သေးပါဘူး။ 
 
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */