Wednesday, October 30, 2019

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအား ရဲနှင့်လဝကများက တစ်အိမ် တက်ဆင်း စစ်ဆေးမှုများပြုလုပ်

နိရဉ္စရာ
စိုးဇံအောင်၊ နီမင်းထွန်း
နိရဉ္စရာ၊ အောက်တိုဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာအုပ်စုကို ယနေ့ နေ့လယ်က ရဲနှင့်လဝကများက တစ်အိမ် တက်ဆင်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ရဲနှင့် လဝက အင်အား ၁ဝဝ နီးပါးက ကား ၁၇ စီးဖြင့် ဗျိုင်းဖြူကျေးရွာ အုပ်စုရှိ ဆတ်ရိုးကျအရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်၊ အောင်ချမ်းသာကျေးရွာ၊ မင်းဒြားချိတ် ကျေးရွာစသည့် ရွာလေးရွာကို ဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေကို တစ်အိမ် တက် တစ်အိမ်ဆင်း စစ်ဆေးနေခြင်းဖြစ်သည်။

နေအိမ် စစ်ဆေးခံပြီးသော ဒေသခံတစ်ဦးက "ရဲနဲ့လဝက က အိမ်ထောင်စုစာရင်းကို စစ်တယ်။ အိမ်ကို ဓာတ်ပုံရိုက်တယ်။ လူဦးရေစာရင်းမေးတယ်။ စစ်တာက ၁ နာရီခွဲမွာပါ။ အိမ်တန်းအားလုံးကို စစ်တာပါ။ ဒီလေးရွာစုကို ပတ်ပြီးစစ်နေတာပါ။" ဟု နိရဉ္စရာကို ပြောသည်။

နေအိမ်များအား ဝင်ရောက်စစ်ဆေးရာတွင် လဝက ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ဗျိုင်းဖြူကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးလည်း ပါရှိပြီး နေအိမ်များအား ခွင့်ပြုချက်တောင်းကာ တက်ရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဗျိုင်းဖြူကျေးရွာအုပ်စုတွင် အိမ်ခြေ ၁ဝဝဝ ကျော်ရှိပြီး လဝက နှင့် ရဲဝန်ထမ်းများက လက်ရှိအချိန်ထိ ဆက် လက်စစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */