" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 31, 2019

တိရိစ္ဆာန်ဥယျာဉ် ကို သွားလည်တဲ့ ရိုဟင်ဂျာဒုက္ခသည်ရဲ့ ကဗျာ

VOA
31 အောက်တိုဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည် တဦး တိရိစ္ဆာန်ရုံသွားလည်ခြင်း ဆိုတဲ့ Azad Mohammed ဆိုသူ ရိုဟင်ဂျာ လူငယ်တဦး ရေးတဲ့ ကဗျာတပုဒ်ကို ဒီလ ၂၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မှာလုပ်တဲ့ စုဝေးပွဲတခုမှာကဗျာ ရေးသူကိုယ်စား အမျိုးသမီးတဦးက ရွတ်ဆိုခဲ့ပါတယ်။

ကဗျာမှာ ရေးထားတာကတော့ တိရိစ္ဆာန်ရုံကို သွားလည်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦး တွေ့မြင်ရတာတွေ ဖြစ်ပါတယ်။

အဲဒီမှာမှ လှောင်အိမ်ထဲ ထည့်ထားတဲ့ ကျားတကောင်ကို တွေ့ရတာ၊ လူတွေပျော်ရွှင်ဖို့ အတွက် ကျားရဲ့ ဘဝကို နေ့စဉ် ရောင်းစားခံ နေရတာ၊ တခြားလူတွေလိုပဲ သူလည်း ကျားကို သွားကြည့်ခဲ့ပေမယ့် စိတ်ထိခိုက် ကြေကွဲ ခဲ့ရပြီးတော့ တိရိစ္ဆာန်တွေကို လွှတ်ပေး လိုက်ပါဆိုပြီး ကမ္ဘာကြီးကို တောင်းပန်ထားပါတယ်။

တခါ သူတို့နေရတဲ့ ဒုက္ခသည်စခန်း ထဲမှာတော့ စစ်ဆေးရေးဂိတ်တွေ၊ အစောင့်တွေ၊ စစ်သားတွေက သေနတ်တွေနဲ့ သူတို့ကို အထဲမှာ ပိတ်ထားပြီး တချိန်လုံး စောင့်ကြည့်ခံနေရတာ၊ စခန်းတခုကနေ တခုကို သူတို့ လှည့်သွားရင်း ပြင်ပကမ္ဘာကြီးကို စိတ်ကူး အတွေးနဲ့ပုံဖော်ကြည့်တာ၊ သတင်းထောက်တွေ ရောက်လာပြီး သူတို့ တွေ့ ကြုံခံစားခဲ့ရတဲ့ နာကျင် ကြေကွဲ စရာတွေကို ပြန်ပြောပြ ရ၊ သတင်းထောက်တွေက သူတို့ကို တီဗွီရိုက်ယူ ထုတ်လွှင့်ပြီး ဆုတွေရသွား၊ ပရဟိတအဖွဲ့တွေက ငိုနေတဲ့ ကလေးတွေကို ဓာတ်ပုံရိုက်၊ လက်ကမ်း စာစောင်တွေပေါ်မှာ ပုံနှိပ်ပြီး အလှူငွေ တောင်းခံကြ၊ သံတမန်တွေ ရောက်လာပြီး သူတို့ တဲအိမ်တွေ ရှေ့မှာ စကားလာပြောကြ၊ သူတို့ပြောတာတွေကို ကြားပါတယ်လို့ ဆိုသွားပြီး ဘယ်တော့မှ ပြန်မလာကြ စသဖြင့်ရေးထားပါတယ်။

အဆုံးမှာတော့ လှောင်အိမ် ပျက်သွားမလားလို့ သူတို့ တွေးကောင်းတွေးနိုင်ပါတယ်၊ အနိမ့်ဆုံးတော့ ကျနော်တို့ ခေါင်းပေါ်မှာ အမိုးအကာနဲ့ အစာ စားနေကြရပါသေးတယ်လို့ ရေးထားပါတယ်။

ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ မြန်မာ အစိုး ရက ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို နိုင်ငံသား ဖြစ်ခွင့်ကလည်း မသေချာတာကြောင့် နိုင်ငံမဲ့တွေ အဖြစ် ဒုက္ခသည် စခန်းမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */