Saturday, October 26, 2019

ရွှေနဒီအမြန်ရေယာဉ် ကျန်ရှိနေသည့်ခရီးသည်များနှင့်အတူ ဘူးသီးတောင်သို့ ရောက်ရှိလာ

နိရဉ္စရာ 
စိုးဇံအောင်
အောက်တိုဘာ ၂၆/၂ဝ၁၉
 လုံခြုံရေးတပ်ဖွဲ့ဝင် ၂၇ ဦး အပါအဝင် လူပေါင်း ၄ဝ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က ခေါ်ဆောင်သွား ခံရပြီးနောက် ရွှေနဒီ အမြန်ရေယာဉ်သည် ကျန်ရှိခဲ့သည့် ခရီးသည်များ နှင့် အတူ ဆက်လက် ထွက်ခွာလာ ရာ ယနေ့ ညနေ ၄ နာရီကျော်က ဘူးသီး တောင်မြို့သို့ ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလွယ် ဦးထွန်းအောင်သိန်းက”ခရီးသည် အရေ အ တွက် ကိုတော့ ကြှန်တော်လည်း မသိသေးဘူး ရောက်တာတော့ မကြာသေးဘူး။လေးနာရီလောက်က ရောက်တယ်။ သူတို့ကို သပွတ်ေျခာင်းမွာ နယ်ခြားစောင့်တပ်က စစ်ဆေးခဲ့တယ်လို့ ပြောတယ်။ အဲဒီမှာတော့ တစ်ယောက်မွ မကျန်ခဲ့ဘူးလို့ ပြောတယ်။ စစ်ဆေးပြီး ပြန်လွတ်လိုက်တယ်လို့ သိရပါတယ်”ဟု နိရဉ္စရာသို့  ပြောသည်။

အမြန်ယာဉ်နှင့် ပါလာသည့် အမျိုးသမီး တစ်ဦးက “ ကျွန်မလည်း ကြောက်ပြီး မရေကြည့်မိတော့ မပြော တတ်ဘူး။  လူပေါင်း ၃ဝ ကျော် ၄ဝ လောက်ပြန်ပါလာတယ်။ လူပေါင်း ၃ဝ ကျော်လောက်ကိုတော့ အေ  အေက ခေါ်ထားလိုက်ပါတယ်။ အဲဒီအခေါ်ခံရတဲ့ အထဲမှာ ဘူးသီးတောင်က ကျောင်းဆရာ ၃ ဦးနဲ့ အရပ် သား လေးငါးခြောက်ဦးလည်း ပါသွားပါတယ်” ဟု ပြောကြားသည်။

ယနေ့နံနက် ၁၁ နာရီက စစ်တွေမှ ဘူးသီးတောင်သို့ မေယုမြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ပြိန်းတောနှင့် ရေမျက်ကျေးရွာကြားတွင် AA မှ သေနတ်ပစ်ဖောက် တားဆီးပြီး ရေယာဉ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၇ ဦးကို ခေါ်ဆောင်သွားကြောင်း အ နောက် ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

ရက္ခိုင့်တပ်တော် AA က သေနတ်ပစ်ဖောက်တားဆီးပြီး ထိုသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင် ခြင်းခံရပြီး ဘူးသီးတောင်သို့ ဆက်လက်ထွက်ခွာခဲ့သည့် ရွှေနဒီ အမြန်ရေယာဉ်ကို ဘူးသီးတောင်၊သပွတ် ချောင်း နယ်ခြားစောင့် တပ်က ရပ်တန့်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလွယ် ဒေါ်ခင်စောဝေက”ရွေနဒီကို ဒီဘူးသီးတောင် အနားက သပွတ်ေျခာင်းဆိုတဲ့ စခန်းတစ်ခုရွိပါတယ်။နယ်ခြားစောင့်တပ်က ခေါ်ပြီးတော့ သူတို့ စစ်ဆေး တယ်ဆိုတာက လူဦးရေဘယ်လောက်ပါလဲ။ အဖမ်းဆီးထားတာ ၄ဝ။ အဲဒီလိုမြိုးတွေကို သူတို့က စစ်တာလို့ သိရပါတယ်။အခုတော့ ဘူးသီးတောင်ကို ပြန်လွတ်လိုက်ပြီလို့ သိရပါတယ်”ဟု ညေန ၃ နာရီ ၁၃ မိနစ်က ဆက်သွယ်မေးမြန်းရာ နိရဉ္စရာသို့ပြောသည်။

ဘူးသီးတောင်ကို ရောက်ရှိခဲ့သည့် ခရီးသည်အရေအတွက်ကို ဖော်ပြပေးနိုင်ရန် ရွှေနဒီ အမြန်ရေယာဉ် ရုံးသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ခေါ်ဆိုမှု မရရှိခဲ့ပါ။ 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */