ချလူးအောင် /DMG
အောက်တိုဘာလ ၂၉၊စစ်တွေ
ရွှေနဒီအမြန်ရေယာဉ်ကို AA တားဆီးမှုဖြစ်စဉ်ကြောင့် အမြန်ရေယာဉ်ပိုင်ရှင်အပါအဝင် ဝန်ထမ်း(၈)ဦးကို ယနေ့ (အောက်တိုဘာလ ၂၉ ရက်နေ့)၊နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရမန်ကြီး တစ်ပတ် ယူခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံကသိရသည်။
“ဒီနေ့တော့ တရားရုံးမှာ ရမန်ယူလာပါတယ်။ ဘယ်ပုဒ်မနဲ့တရားစွဲမလဲ ဆိုတာတော့မသိသေးဘူး။နခခ (၃) က ရမန်ယူတာလို့ပဲ သိရတယ်”ဟု ဖမ်းဆီးခံထားရသူ ဦးရွှေသန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ရမန်ယူခဲ့သူများမှာ ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်း ၊ရေယာဉ်မောင်း ဦးကျော်မင်း၊စာရေး ဦးဘစော ၊ရေ ယာဉ်ဝန်ထမ်း ညီညီအောင်နှင့်ကိုသာထွန်း၊စက်ဆရာ သားကြီး(ခ)ကိုစောသိန်း၊ သင်္ဘောသား ဦးဘ ထွန်းနှင့်ကို ငြိမ်းစိုးနိုင်တို့ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ရွှေနဒီဖြစ်စဉ်မှာ တာဝန်ရှိလို့ခေါ်ယူစစ်ဆေး နေတယ်။AA နဲ့ဆက်စပ်တယ်လို့ပေါ်ပေါက်ရင်တော့တရားစွဲသွားမှာပါ”ဟု ပြောသည်။
၎င်းတို့အမှုကို လာမည့် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဟု သိရသည်။
အောက်တိုဘာလ (၂၆)ရက်နေ့က စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ် တွင် တပ်မ တော်သားများသည် အရပ်သား များအဖြစ်ဟန်ဆောင်ကာ ခရီးသည်များနှင့် ရောနှောလိုက်ပါ သည်ဟုသိရှိရသောကြောင့် AA က ရသေ့တောင် မြို့နယ် ၊ရေမျက်ကျေးရွာအနီးတွင် ရပ်တန့်ခိုင်းခဲ့ပြီး တပ်မတော်သား များနှင့်မသင်္ကာသူများကိုဖမ်းဆီးခဲ့သည်ဟု AA ဘက်ကဆိုသည်။
ယင်းဖမ်းဆီးမှုအတွင်း တပ်မတော်သား (၁၄)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့် အရပ် သား (၁၃)ဦးတို့ကို AA က ဖမ်းဆီးသွားသည်ဟု အစိုးရပိုင်သတင်းစာများတွင်ရေးသားထား သည်။
ရွှေနဒီအမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့သွားရောက်ရန် တပ်မတော်သားအရာရှိ တစ်ဦးက အမည်၊ ရာထူးဖော် ပြ၍ လက်မှတ်ဝယ်ယူရာမှစတင်ကာသတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် (၁၅ )ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူများ အားလည်း အမြန်ဆုံးပြန်လည် ကယ် တင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့်AA ထံ သတင်းပေါက်ကြားမှုနှင့် ပတ်သက် ၍ ရွှေနဒီအမြန်ရေယာဉ်လိုင်းအား လိုအပ်သည့် စစ်ဆေးမှု များပြုလုပ်လျက်ရှိသည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
#DMG #ရွှေနဒီရေယာဉ် #AA #တပ်မတော်

No comments:
Post a Comment