" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 2, 2019

ဂူတာပြင်ရွာလူသတ်မှုအတွက် တပ်မတော်က စစ်ဆေး ရေးခုံရုံးဖွဲ့တဲ့အပေါ် HRW သံသယဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ
02.09.2019
၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ ဂူတာပြင်ကျေးရွာဝန်းကျင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြစဉ်။Photo: MOI

■ ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာ ရွာသား ၄ဝဝ လောက်အထိကို သတ်ဖြတ် ခဲ့ တယ်လို့ စွပ်စွဲခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြန်မာ့တပ်မတော်က စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီးအရေးယူ အပြစ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး၊ သံသယရှိကြောင်း နယူး ယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ကြေညာလိုက်ပါတယ်။

မြန်မာစစ်တပ် စွပ်စွဲခံထားရတဲ့ လူသတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ နေအိမ်တွေကို မီးရှို့မှုတွေလိုကျူးလွန်ခံရသူတွေရဲ့ ဘဝတွေ လုံးဝပျက်စီးသွားစေတဲ့ ပြစ်မှုတွေနဲ့ ယှဉ်ရင် တပ်မတော်သားအချို့ကို စစ်ခုံရုံးတင် စစ်ဆေးပြီး အပြစ်ပေးမယ့် အစီအစဉ်ဟာ လုံလောက်မှု မရှိပါဘူး။ ဒီလို စစ်ခုံရုံးတင် စစ်ဆေး မှုဟာ အောက်ခြေက တပ် သားအချို့ကို ထိုးကျွေးပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေကို လွှဲပြောင်းဖို့ ကြိုးစား တာ သာဖြစ်နိုင်ကြောင်း HRW ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ ဒီပြစ်မှု တွေအတွက် မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကိုပဲ ပြစ်ဒဏ်ပေးသင့်တယ်လို့လည်း တိုက်တွန်း လိုက်ပါတယ်။

မနှစ်က ဇန်နဝါရီလက ဂူတာပြင်ကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူအမြောက်အမြား သတ်ဖြတ်ခဲ့တဲ့ အထောက်အထားအဖြစ် အသတ်ခံရသူတွေကို စုပေါင်းမြှုပ်နှံထားတဲ့ နေရာ အနည်းဆုံးငါးခုအထိတွေ့ရကြောင်း AP သတင်းဌာနက သတင်းဖော်ပြခဲ့ပြီး၊ မြန်မာ့ တပ်မတော်ကတော့ အဲဒီသတင်းကို ငြင်းဆို ထား ပါတယ်။ အခုစစ်ခုံရုံးတင် စစ်ဆေးမယ့်အမှုဟာ အဲဒီဖြစ်ရပ်နဲ့ ဆက်စပ်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

တပ်မတော်ဟာ သူတို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ဆက်လုပ်နေပြီး၊ အခုလုပ်မယ့် စစ်ခုံရုံးတင် စစ် ဆေးမှုတွေကိုလည်း မီဒီယာနဲ့ အများပြည်သူတွေရဲ့ မျက်ကွယ်မှာ တံခါးပိတ် စစ်ဆေးမှာ သေချာကြောင်းနဲ့ ဒီလုပ်ရပ်ကြောင့် တပ်မတော်ရဲ့ သဘောထား ပြောင်းလဲလာပြီလို့ မယူဆကြဖို့ကိုလည်း HRW က တိုက် တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် ဂူတာပြင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေမှာ တပ်မတော်သားတွေဟာ အမိန့်နာခံမှု အားနည်း ချက် ရှိခဲ့တဲ့အတွက် စစ်စည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ဖို့ စစ်ခုံရုံးတင် စစ်ဆေးသွားမယ်လို့ မြန်မာ့တပ် မတော်က ထုတ်ပြန်ကြေငြာထားတာပါ။ စစ်ဆေးမယ့်ရက်နဲ့ တခြား အသေးစိတ်အချက် အလက် တွေကိုတော့ မထုတ်ပြန်ထားပါဘူး။

Facebook မှ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */