Sunday, August 4, 2019

စစ်တွေမြို့အရှေ့ဘက်၌ ဆောင်ရွက်နေသော ဧက ၉၀ ခန့်ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်းမှ မြို့ပြ နေရာသစ်တစ်ခု ပေါ်ထွက်လာတော့မည်

မြန်မာ့အလင်း
စစ်တွေ ဩဂုတ် ၃
ရခိုင်ပြည်နယ် စစ်တွေမြို့၏ အရှေ့ဘက် ကုလားတန်မြစ်အနောက်ဘက်ခြမ်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ BXT International ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက် လျက်ရှိ သော ဧက ၉၀ ခန့်ရှိ မြေဖို့မြေယာဖော်ထုတ်ရေးစီမံကိန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် မြို့ ပြနေရာသစ်တစ်ခုအဖြစ် ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း သိရသည်။
''ဒီဖို့မြေစီမံကိန်းဟာဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲက တစ် ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းစာချုပ်ချုပ်ပြီး ဆောင်ရွက် တဲ့လုပ်ငန်းဖြစ်ပါတယ်။ နေရာကတော့ ကုလားတန်မြစ်ဘေးမှာ ဖြစ်ပြီး မြေအကျယ်အဝန်းကတော့ ဧက ၉၀ ခန့် ဖြစ်ပါတယ်။ အဓိကတော့ မြေဖို့လိုက်ပြီးတော့ မြို့ကိုတိုးချဲ့လိုက်တဲ့သဘော ဖြစ်ပါတယ်။

အသစ်ပေါ်ထွက်လာတဲ့ ဒီစီမံကိန်းမြေပေါ်မှာ သက်ဆိုင်ရာ ကုမ္ပဏီကနေ အကွက်ရိုက်ပြီးတော့ အခြေခံ အ ဆောက် အဦတွေ ဆောက်လုပ်တာတွေ၊ လမ်းဖောက်လုပ်တာတွေ၊ လိုအပ်တဲ့ လျှပ်စစ်မီးသွယ်တန်းတာ တွေ နဲ့ အကွက်နယ်နိမိတ်သတ်မှတ် တာတွေကို သက်ဆိုင်ရာ ကုမ္ပဏီကနေဆောင်ရွက်ပေးတာဖြစ် ပါ တယ်။ အခု လက်ရှိမှာတော့ မြေဖို့တဲ့ လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပါပြီ။ ကျန်တဲ့ရေမြောင်း လုပ်ငန်းတွေ၊ လမ်းပိုင်းဆိုင်ရာတွေကိုလည်း သက်ဆိုင်တဲ့ကုမ္ပဏီ တွေက ဆက်လက်ဆောင် ရွက်လျက် ရှိ ပါတယ်''ဟု ရခိုင်ပြည် နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးထူးမင်း သိမ်းက ပြောသည်။

အဆိုပါ မြေဖို့ခြင်းလုပ်ငန်းကို စင်ကာပူနိုင်ငံနည်းပညာဖြင့် အသုံးပြုထားကြောင်း သိရပြီး ကွန်ကရစ်ရေ တားနံရံ ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် မြေသားများမှာ ခိုင်မာမှုရှိ ကြောင်း သိရသည်။ ယင်း စီမံကိန်းတွင် ရခိုင်ပြည်နယ်အစိုးရက ၃၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ ယင်း ဖို့မြေစီမံကိန်းမှမြေကွက်များကို တစ်စတုရန်းပေလျှင် ငွေကျပ်သောင်းဂဏန်းမျှဖြင့် ရောင်းချလျက်ရှိပြီး မြေ ကွက် ဝယ်ယူသူများအား ရခိုင်ပြည်နယ်အစိုးရမှ နှစ် ၃၀ ဂရန် ထုတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေမြို့၏ စီးပွားရေး အလားအလာကောင်းများကြောင့် ပင် စစ်တွေမြို့တွင် အိမ်ခြံမြေဈေး ကွက်များ လည်း တိုးမြင့်လာခဲ့ ကာ မြေဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် ငွေကျပ်ကျပ် ၂၀၀၀၀၀ မှ ၅၀၀၀၀၀ အထိ ရှိနေကြောင်း စီမံကိန်းတာဝန်ရှိသူများက ဆိုသည်။ ထိုကြောင့် စစ်တွေမြို့အား မြို့ပြစီမံကိန်းများရေးဆွဲပြီး တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖို့မြေစီမံကိန်း တွင် စုပေါင်း အိမ်ရာများ၊ လက်လီလက်ကားဈေးကွက်များ၊ အလယ်အလတ် အဆင့်ရှိ ကွန်ဒိုမီနီယံများ၊ သိုလှောင်ရုံနှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံများ၊ အပန်းဖြေ ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ ကစားကွင်းများပါရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး ဖို့မြေစီမံကိန်းဖြစ်သည့် အဆိုပါ ဖို့မြေစီမံကိန်းကြီး၏ မြေနေရာသည် စစ် တွဈေးကြီးနှင့် နီးကပ်စွာရှိနေသည့်အပြင် ကုလားတန်မြစ်ကမ်းခြေအနီးတွင်ရှိသဖြင့် အနာဂတ် စစ် တွေ မြို့၏ စီးပွားရေးအချက်အချာနေရာ အဖြစ် ရှိလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထား ကြ သည်။

''ဒီစီမံကိန်းကြီးက လမ်းပိုင်းနဲ့ ရေမြောင်းအပိုင်းတွေ ကလည်း ပြီးသလောက် ဖြစ်နေပါပြီ။ နောက်တစ်ခုက ကန်ပတ်လမ်းကို ဆက်ခင်းမယ်။ ဒီစီမံကိန်းနေရာက အရင်က ရေပြင်ကြီးပါ။ ဒီလို မြေကွက်ဖော်ထုတ်လိုက် တဲ့အတွက် သန့်ရှင်းတဲ့ မြို့ကွက်သစ်တစ်ခုအနေနဲ့ ပေါ်လာတယ်။ ဒါပြီးစီး သွားတာနဲ့ ဒီနေရာကို လာ ရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေ ရှိလာ မယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာမှာ ဖြစ်တဲ့ တွက် ဒေသအတွက် အများကြီး အကျိုးရှိပါတယ်''ဟု လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦး သန်းဇော်လင်း က ပြောသည်။

''ဒီလို မြို့ပြစီမံကိန်းကြီး ဖော်ထုတ်ပေးလိုက်တဲ့အတွက် စစ်တွေမြို့ကလည်း တဖြည်းဖြည်းတိုးချဲ့လာပြီး လုပ်ငန်းလုပ်ချင် တဲ့သူတွေအတွက်လည်း သပ်သပ်ရပ်ရပ်နဲ့ နေရာအကွက် ကောင်းကောင်းမှာနေပြီး လုပ် လို့ရသွားတယ်။ အခု ဖို့မြေနေရာ က တိုးချဲ့နေရာသစ်အနေနဲ့ ပိုပြီးလည်း အဆင်ပြေနိုင်ပါတယ်။ တစ် ခု ပြော ချင်တာက ကျွန်တော်တို့ဆီမှာ စီမံကိန်းတွေတော့ အများကြီးရှိတယ်လို့ သိရတယ်။ သို့သော် စီမံကိန်း တွေရှိနေရုံနဲ့ မပြီးဘူး။ တကယ်လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ ဘာပဲပြော ပြော ဒီစီမံကိန်းဟာဆိုရင် ကျွန်တော်တို့ ဒေသခံအတွက် အများကြီးအကျိုးရှိမှာဖြစ်လို့ ဝမ်းသာမိပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုး က ပြောသည်။

တင်မောင်လွင်၊ အောင်ရဲသွင်

Sources : Face Book

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */