Thursday, August 15, 2019

တပ်နည်းပညာတက္ကသိုလ် DSTA အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံရမှုမှာ ၁၂ ဦး သေဆုံး၊ မူးယစ်ဆေးဖမ်း ဆီးမှုနဲ့ မသက်ဆိုင်လို့ပြော

B B C
 ဘီဘီစီ မြန်မာပိုင်း
15 သြဂုတ်လ 2019
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းက နေရာ ၃နေရာနဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်က တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် နေရာ ၂နေရာ စုစုပေါင်း ၅နေရာကို သြဂုတ်လ ၁၅ရက် မနက် ၅နာရီက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပလောင်လွတ်လပ်ရေးတပ်က ပြောခွင့်ရသူ မိုင်အိုက်ကျော်က ဘီဘီစီကိုအတည်ပြုပါတယ်။

နောင်ချိုမြို့နယ်ထဲက လော့ပန်ရွာ၊ တိုးဂိတ်နဲ့ တိုးဂိတ်တံတားအထက်နေရာတွေ၊ ပြင်ဦးလွင်က တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ ပြင်ဦးလွင်မြို့ရှောင်တိုးဂိတ်စတဲ့နေရာ ၅ခုမှာ မနက် ၅နာရီကနေ ၅နာရီခွဲအထိ တိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီနေရာတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမို ကရက် တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ ပလောင်လွတ်လပ်ရေးတပ် (TNLA) တို့ကပူးပေါင်း တိုက်ခိုက် ခဲ့တာလို့ မိုင်အိုက်ကျော်က ပြောပါတယ်။

နောင်ချိုအခြေစိုက် စတနာမွန်အသင်းက ကိုကျော်ထွေးကတော့ လက်ရှိအချိန်ထိ ဂုတ်တွင်းတံတားဂိတ်မှာ အလောင်း ၁၂လောင်းကို ထုတ်ယူထားပြီး အထဲမှာ အလောင်းတွေကို ထပ်ကျန်နေသေးတယ်လို့ ဆိုပါ တယ်။ အဲဒီကျန်နေတဲ့အလောင်းတွေအောက်မှာ မိုင်းတွေရှိတယ်လို့ ယူဆထားတဲ့အတွက် ထုတ်ယူဖို့ အ ခက်အခဲ ရှိနေတယ်လို့ သူကဆိုပါတယ်။

ရရှိထားတဲ့အလောင်းတွေထဲမှာတော့ အရပ်သား ၂ဦးသားပါပြီး ကျန်ရှိတဲ့ ၁၀ဦးကတော့ တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေဖြစ်တယ်လို့ စေတနာမွန်အသင်းကသိရပါတယ်။

တပ်မတော်က ကျွန်တော်တို့ဒေသမှာထိုးစစ်ဆင်တယ်။ အဲဒါမို့ တနေ့ကတည်းက ထိုးစစ်ရပ်ဖို့ ထုတ်ပြန်ခဲ့ တယ်။ ထုတ်ပြန်ပေမယ့် ဘာမှထူးခြားတာမရှိဘူး။ ဒါကြောင့်မို့ ခုခံတဲ့အနေနဲ့ တိုက်ပွဲပြန်ဆင်နွဲ တာဖြစ် တယ်လို့ သူကဆိုပါတယ်။

 တပ်မတော်ဘက်ကတော့"ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ၂၅ ၂၆ မှာ ကွတ်ခိုင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာ မူး ယစ်ဆေးဝါးတွေ အများအပြားဖမ်းဆီးခဲ့တယ်၊ အဲ့ဒီဒေသမှာ မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ် လုပ်နေ တာ ရှိတယ် မူးယစ်ဆေးဝါး ချက်လုပ်နေတဲ့ စခန်း ၁၀ နေရာထက်မနည်း၊ တန်ဖိုးအနေနဲ့ မြန်မာကျပ်ငွေ ၁၆ ဘီလီယံထပ်မ နည်း ဖမ်းဆီးခဲ့တယ်၊ ဒါကြောင့် သူတို့ဘက်က အခုလို တုံ့ပြန်တာ ဖြစ်တယ်"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"မူးယစ်ဆေးဝါးကိုတာဝန်ရှိတဲ့ အစိုးရဖက်က ရဲတွေလုပ်တာကိုမဖမ်းဆီးတာတွေရှိတယ်။ မြောက်ပိုင်းမှာ ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးတွေနဲ့ ကျွန်တော်တို့နဲ့ ဘာမှပက်သက်ဆက်နွယ်မှုမရှိပါဘူး" လို့ မိုင်အိုက် ကျော် က ဘီဘီစီကိုပြောပါတယ်။

အရပ်သားတွေကိုဖမ်းဆီးခေါ်ဆောင်ထားတာရှိမရှိကိုတော့ မဟာမိတ်အဖွဲ့က မြေပြင်သတင်းအချက် အလက်ကို အတိအကျမရရှိလို့ မဖြေကြားပေးနိုင်သေးပါဘူးလို့ မိုင်အိုက်ကျော်က ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အဝေးကနေ လက်နက် ကြီး နဲ့ ပစ် ခတ်သွားလို့ တပ်မတော်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့ အရပ်သား ဝန် ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြု ပြောထားပါတယ်။

တပြိုင်တည်းမှာပဲ ပြင်ဦးလွင်မြို့အဝင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ပါမပါဆိုတာကို အိတ်စရေးစက်နဲ့ ဖြတ်ပြီး စစ် ဆေးတဲ့ စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မနက် ၇ နာရီကျော်လောက်မှာတော့ နောင်ချိုမှာရှိတဲ့ မူးယစ်ဆေးဝါးပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု တွေ ရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းနေရပါတယ်။
တပ်ဘက်က လတ်တလေမှာ ၈ ဦးလောက်ကျဆုံးမှုရှိတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အ တည်ပြုထားပါတယ်။ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းကားလမ်းတံတားကို မဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက် ခိုက်ခဲ့လို့ ပျက်စီးမှု တွေရှိခဲ့ပေမယ့် ကျိုးကျတဲ့အထိတော့မရှိဘူးလို့ သူကပြောပါတယ်။

နောက်ထပ်တိုက်ခိုက်မှုတွေရှိလာမယ် မရှိလာဘူးဆိုတာကတော့ တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ပေါ်မှာပဲ မူတည် ပါတယ်လို့ မိုင်အိုက်ကျော်က ဆိုပါတယ်။

လမ်းပန်းဆက်သွယ်မှုကို လုံခြုံရေးကို ထိခိုက်လာလို့ရှိရင် အစိုးရ ယန္တရားကို ထိခိုက်လာလို့ရှိရင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားလုံးကို လုပ်သွားမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါ တယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */