" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 31, 2019

ဒုက္ခသည်ပြန်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-31
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနို နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပစဉ်

                                       
မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် သက်ဆိုင်တဲ့လုပ်ငန်းအားလုံးကို အရှိန် မြှင့် လုပ်ဆောင်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူနိုင်လိမ့် မယ် လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနို က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ပထမဦးစွာ မစ္စတာ-တာရို-ကိုနိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ထူထောင်နေတဲ့ ဒီမိုကရေစီ တည် ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဂျပန်အစိုးရက အကူအညီပေးသွားမယ့်အကြောင်း အစချီ ပြောကြား ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ အကူအညီကို ကျေးဇူးတင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေအရေးကိစ္စဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဖြေရှင်း ရ မယ့်ကိစ္စဖြစ်ပေမယ့် ကျန်နိုင်ငံတွေက ဝိုင်းဝန်းကူညီနေတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြန်လည်ပြော ကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနိုဟာ ပြီးခဲတဲ့နှစ် သြဂုတ်လက တစ်ကြိမ်၊ အခုနှစ် မတ်လမှာတစ်ကြိမ် မြန် မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အခုတစ်ကြိမ်ဟာ (၃) ကြိမ်မြောက် မြန်မာခရီးစဉ်ဖြစ်ပါတယ်။ မစ္စတာ-ကိုနိုဟာ မြန်မာနိုင်ငံကို မလာရောက်ခင် ဇူလိုင်လ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက် ဘဇား မြို့ရှိ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */