Saturday, July 6, 2019

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-07-06
 ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ၂၀၁၉၊ ဇူလိုင် ၅ ရက်နေ့က ဘေကျင်းမြို့မှာ တွေ့ဆုံစဉ်
Photo: REUTERS 
ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန် ပြေလည်ဖို့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရမှာဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ကြောင်း ဘင်္ဂ လားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က ရေးသားဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ပြန်လည်ပြောပြချက်ကို bdnews24 သတင်း ဌာနက ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

တရုတ်သမ္မတနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ဟာ မနေ့က ဘေကျင်းမြို့မှာ တွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် ပြဿနာဟာ မဖြေရှင်းလိုမရကြောင်းနဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့လိုတဲ့အကြောင်း ဆွေးနွေးသဘောတူခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြတာရှိပြီး တရုတ် ဝန်ကြီး ချုပ်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ တရုတ်နိုင်ငံအနေနဲ့ နည်းလမ်းရှာ တောင်းဆို သွား မယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲနဲ့လည်း ဝန်ကြီးချုပ် ရှိတ်ဟာ ဆီ နာတို့ အခုလ ၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စအတွက် သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ဆွေးနွေးသွားမယ်လို့ ကတိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား သဘောထားကွဲလွဲမှုမရှိဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးစလုံးက မဟာမိတ်နိုင်ငံတွေဖြစ်လို့ မဟာမိတ်နိုင်ငံ တွေရဲ့ အကျိုးစီးပွားကို သာတူညီမျှ ကြည့်သွားမယ်လို့ တရုတ်သမ္မတက ပြောခဲ့ကြောင်း bdnews24 သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */