Thursday, July 4, 2019

ရခိုင်အရေးနှင့်ပတ်သက်ပြီး အချက်(၄)ချက်ပါကြေ ညာချက် ANP ထုတ်ပြန်

နိရဉ္စရာ
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၃/၂ဝ၁၉




































ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်ပြီး အချက် (၄) ချက်ပါ သဘောထား ကြေညာချက်တစ်စောင်ကို ရခိုင်အမျိုးသားပါတီ (ANP) မှ ယနေ့ ဇူလှိုင် (၃) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
 
ထုတ်ပြန်ချက်ထဲတွင် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ တိုင်းကို ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး အနောက်ပိုင်းတိုင်း စစ်ဌာ နချုပ်အား ချန်လှပ်ထားခြင်းကို ပြန်လည် ပြင်ဆင်ပေးရန်၊ ရခိုင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားမှုကြောင့်နေရပ် စွန့်ခွာနေရသည့် စစ်ဘေးဒုက္ခသည်များအား နိုင်ငံတော် အစိုးရ အနေဖြင့် လုံလောက်သော အကူအညီပေးရန်နှင့် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ နှင့် အလှူရှင်များအား သွားရောက်လှူဒါန်း ကူညီ နိုင်ရေး ဆောင်ရွက် ပေးရန်၊ ရခိုင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ပြည်သူများအား သံသ ယဖြင့် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် စစ် ဆေး နေမှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုများ ရှိနေရာ ဥပဒေမဲ့ လုပ်ရပ်များအား ရပ်တန့်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား အရေးယူပေးရန်၊ လက်ရှိဖြစ်ပွား နေေ သာ စစ်ရေး ပဋိပက္ခ ကြောင့် လူထု၊ အသက်၊ အိုးအိမ် စည်းစိမ်များကိုပါ ဆိုးရွားစွာ ထိခိုက်လျက် ရှိသော ကြောင့် စစ်ရေးပဋိပက္ခ များကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံ ရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာရန် တိုက် တွက် တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP မှ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ အဓိက ကတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ဆိုတာ တရာဝင် နိုင်ငံရေး မှတ်ပုံ တင်ထားတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် တရားဥပဒေနဲ့အညီ ကျနော်တို့မှာ လုပ်ဆောင်ရ မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ လက်ရှိ ဒုက္ခခံစားနေကြရတဲ့ ရခိုင်ပြည်သူတွေ အတွက် အလွန်တရာ ဝမ်းနည်း ကြေကွဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ်ရပ်လုံးက နေပြီးတော့ ဒီဟာတွေကို တရားဝင် နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ တောင်းဆို တင်ပြသင့် တဲ့ အတွက် ကျနော်တို့က အချက် ၄ ချက်ကို တင်ပြတောင်းဆိုလိုက်ပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြော သည်။

ယခုလို ကြေညာချက် ထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာ့တပ်မတော်တို့ အနေဖြင့် တရား ဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အပေါ် လူသားချင်းစာနာ ထောက်ထားမှုအား အလေးအနက်ထားရန် ရည်ရွယ် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောဆိုသည်။ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */