နိရဉ္စရာ
နောင်ခိုင်အောင်
စစ်တွေ၊ ဇူလိုင် ၆/ ၂ဝ၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဆိပ်ကမ်းမှ သဗ္ဗာန် လှေလုပ်သား ၉ ဦးကို ဇူလိူင် ၅ ရက်နေ့က ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
နောင်ခိုင်အောင်
စစ်တွေ၊ ဇူလိုင် ၆/ ၂ဝ၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဆိပ်ကမ်းမှ သဗ္ဗာန် လှေလုပ်သား ၉ ဦးကို ဇူလိူင် ၅ ရက်နေ့က ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
၎င်းတို့ ၉ ဦးမှာ ဦးဆန်းဝင်း (၄၁) နှစ်၊ ဦးအောင်ကျော်ထွန်း (၃၂) နှစ်၊ ဦးဘသိန်းချေ (၄၃) နှစ်၊ ဦးရွှေလှ (၄၄) နှစ်၊ ဦးမောင်သိန်းနု (၅၇) နှစ်၊ ဦးစောရွှေသိန်း (၅၃) နှစ်၊ ဦးသိန်းမောင် (၅၂) နှစ်၊ ဦးအငြိမ်းချေ (၅၂) နှစ်နှင့် ဦးကျော်ထွန်းစိန် (၃၁) နှစ်တို့ဖြစ်ကြသည်။
၎င်းတို့အား ဆတ်ရိုးကျချောင်းရှိ အဖွဲ့ပေါင်းစုံ ရေကြောင်း ပိတ်ဆို့ ရှာဖွေရေးအဖွဲ့မှ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁ဝ နာရီမှ ည ၈ နာရီထိ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ခံဝန်လက်မှတ်များဖြင့် ပြန်လွတ်ပေးခဲ့သည်ဟု ကိုဆန်းဝင်းမောင်က ပြောကြားသည်။
“သူတို့ အဖွဲ့ပေါင်းစုံက လူတွေကို ည ၈ နာရီမှ ပြန်လွတ်ပေးလိုက်တယ်။ သမ္ဗာန်တွေကို ဒီနေ့မှာ ပြန်ပေး လိုက်တယ်။ ဒီ သမ္ဗာန်တွေနဲ့ လုပ်ကိုင် စားသောက်နေရတာမို့ တောင်းပန်ပြောဆိုတဲ့ အတွက် ပြန်ပေးတာ ပါ။ ဒါပေမယ့် အပျက်အစီး၊ အပျောက်အရှ မရှိရဘူးဆိုပြီး ဝန်ခံ လက်မှတ် ရေးထိုးခဲ့ရပါတယ်။ သမ္ဗာန်လှေ သမားတွေကို ရုံးချိန်းတက်ရမယ်လို့ ပြောပါတယ် ” ဟု သူက ပြောဆိုသည်။
ဇူလိူင် ၅ ရက်နေ့က ရာသီဥတုဆိုးရွားမှုကြောင့် နယ်မှရောက်ရှိလာသည့် လိုင်းဘုတ်နှင့် စက်လှေများ ခါ တိုင်းကပ်နေကျ မြစ်ပြင်တွင် မကပ်နိုင်သဖြင့် ဆတ်ရိုးကျချောင်းထဲသို့ ဝင်ရောက်ဆိပ်ကပ်ရန် ဝင်ရောက် လာစဉ် သမ္ဗာန်များမှ နောက်မှလိုက်လာခဲ့ရာ ပိတ်ဆို့ရှာဖွေရေးစခန်းအရောက်တွင် ဟန့်ထား ဖမ်းဆီး ခံ လိုက်ရခြင်းဖြစ် သည်ဟု တစ်ခြားလှေသမား တစ်ဦးဖြစ်သူ ကိုနေလှမောင်က ပြောကြားသည်။
“သမ္ဗာန်လှေသမားတွေက ဒီဆတ်ရိုးကျချောင်းထဲကနေ မြစ်ပြင်ကို ထွက်ပြီး နေ့တိုင်း အလုပ် လုပ်ရ တယ်။ အဓိက ဈေးကြီးဖောင်တော်ကို သွားပြီး ကမ်းမကပ်နိုင်တဲ့ စက်လှေတွေဆီက ကုန်ဝန်တွေ၊လူတွေကို ကမ်းထိသယ်ယူပြီး အတင်အချ လုပ်ကြရပါတယ်။ နေ့တိုင်း ဆတ်ရိုးကျ ချောင်းထဲကို အထွက် အဝင် လုပ်ကြရတယ်။ အခါတိုင်းနေ့တွေမှာ ကျွန်တော်တို့ကို မခေါ်ဘူး။ အရင်တုန်းကလည်း ရေေ ကြာင်း စခန်းဆိုတာရှိ တယ်။ ကျွန်တော်တို့ကို တစ်ခါမှမခေါ်ဘူး။ အခုတော့ ဖမ်းတယ်။ ဘာဖြစ်လို့ ဖမ်း တာ လဲ ကျွန်တော်တို့ လည်း မသိဘူး။ အခုက လိုင်စင်ရှိလားမေးတယ်။ ကျွန်တော်တို့က လုပ်စားလာ တာကြာပြီ ဘာလိုင်စင်မှမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
သမ္ဗာန်လှေသမားများမှာ ဆင်းရဲသူများ ဖြစ်ကြပြီး တစ်နေ့လုပ်မှ တစ်နေ့စားကြရသူများ ဖြစ်ကြသဖြင့် အမှုဖြစ်လာပါ မိသားစုများ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြရမည်ကို စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။
အဆိုပါကိစ္စနဲ့ပတ်သက်၍ စစ်တွေမြို့နယ် အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေး ကြည့်ရာ သူတို့အား အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ လက်ရှိ စိစစ်ဆောင်ရွက်နေဆဲ ကာလဖြစ် သောကြောင့် အသေးစိတ်ကို မပြောနိုင်သေးကြောင်း ပြောကြားသည်။
Link : Here
No comments:
Post a Comment