လွတ်လပ်တဲ့ အာရှအသံ
2019-07-25
စင်္ကာပူကပြန်ပို့တဲ့ ရခိုင်အသင်းဝင်များကို ရန်ကုန်လေဆိပ်တွင် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်လာစဉ်။
Photo: Tomorrow News Journal
Photo: Tomorrow News Journal
ရခိုင်တပ်တော် AA အဖွဲ့ကို ရန်ပုံငွေရှာဖွေထောက်ပံ့နေတယ်ဆိုပြီး စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာ နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရခိုင်လူမှုရေးအသင်း (စင်္ကာပူ) အဖွဲ့ခေါင်းဆောင်တွေ အပါအဝင် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ မနက်ဖြန်ရုံး ထုတ် စစ်ဆေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
