RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-17
AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်လွှတ်တော်ထံ အကြောင်းပြန်ထားတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး စံကျော်လှက RFA ကို ဒီနေ့ပြောပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-06-17
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်လွှတ်တော်ထံ အကြောင်းပြန်ထားတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး စံကျော်လှက RFA ကို ဒီနေ့ပြောပါတယ်။
ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်ရဲ့ နှစ်ဘက်ဖြစ်ပွားနေတဲ့ လက်နက် ကိုင်တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်း အဆိုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။
ဒီအဆိုနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရကနေတစ်ဆင့် ရခိုင်ပြည်နယ် လွှတ်တော်ကို ပြန်လည်အကြောင်းပြန်ခဲ့တာလို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အစိုးရနဲ့တပ်မတော်ဘက်က ငြိမ်းချမ်းရေးအတွက် နှောင့်နှေးကြန့်ကြာအောင်လုပ်နေတာဖြစ်သလို တပ်မတော်က ထိုးစစ်ဆင်မှုတွေကြောင့်သာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေရတာဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေးအတွက် နှောင့် နှောင်းအောင် AA အဖွဲ့က လုပ်ဆောင်နေတာသာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တပ်မတော်က သောင်းကျန်း သူနှိမ်နင်းရေး လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
တိုက်ပွဲတွေရပ်ဆိုင်းရေးအတွက် ပြည်နယ်လွှတ်တော်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ဟာ မူလ အဆိုရှင်ရဲ့ ရည်ရွယ်ချက်နဲ့ လွဲချော်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်ကြပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)
Link : Here

No comments:
Post a Comment