Monday, June 17, 2019

AA လက်နက်ကိုင် သံသယနဲ့ဖမ်းခံရသူ ရခိုင်ဒေသခံ ၇၀ ဝန်းကျင်ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
17 ဇွန်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ  
 
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေသလို လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက်လည်း တိုးလာနေပါတယ်။ AA ရခိုင်လက် နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူ အရေအတွက် ၇၀ ကျော်သွားပြီ လို့ ရခိုင် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခ တင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပက်သက်နေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်ကနေ ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။

မနေ့က ဘူးသီးတောင်မြို့နယ် ဒုံးသိမ် စစ်ရှောင်စခန်းနေ ရွာသား ခြောက် ဦးကို မြန်မာစစ်တပ်ကနေ ဖမ်း ဆီး သွားတယ်လို့ စစ်ရှောင်စခန်းတွေကို အကူညီ ပေးဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး အတွင်း ရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“သူတို့ရွာက အလယ်ချောင်းပေါ့နော်။ သူတို့ရွာက ဒုံးသိမ်နဲ့ဆိုလို့ရှိရင် ခုနစ် မိုင်လောက် ဝေးမှာပေါ့။ သူတို့ က ရွာကိုပြန်သွားပြန်လာ အဲဒီလိုမျိုးသွားတာ ရှိတာပေါ့နော်။ သူတို့က ရွာကို ပြန်သွားကြပြီးတော့မှ ရွာမှာရှိ တဲ့ သူတွေကို စားနပ် ရိက္ခာ သွားထောက်ပံ့တာ ရှိတယ်။ အဲဒီလိုသွားတဲ့အချိန်မှာ လမ်းမှာနေပြီးတော့ တပ် နဲ့တွေ့ပြီးတော့ တပ်မတော် ဆွဲသွားပြီး။အခုတော့ ဘူးသီးတောင်မြို့ပေါ်မှာပဲ ကြားပါတယ်။ ရဲစခန်းတော့ မရောက်သေးဘူး။”

လက်ရှိ သူတို့တွေကို ဘယ်မှာ ထိန်းသိမ်းထားမှန်း မသိရှိသေးဘူးလို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

အဖမ်းဆီးခံရသူ ခြောက် ဦးမှာ ဒုံးသိမ်ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ သရက်ပြင် ကျေးရွာအုပ်စု၊ အလယ်ချောင်း ကျေးရွာကဖြစ်ပြီး ခမီးလူမျိုးတွေ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းရွှေက အတည်ပြုပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ကျောက်ဆည်ပြင် ကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားအပြီး ရွာသား ၂၅ ဦးကို စစ်တပ်ကနေ မသ င်္ကာမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီဖမ်းဆီးသွားတဲ့ သူတွေထဲက ဆယ် ဦးဟာ ကျောက်ဆည်ပြင်ရွာက ရွာသားတွေ ဖြစ်တယ်လို့ ရခိုင်တိုင်း ရင်းသားမျိုးနွယ်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

“အဲဒီရွာမှာ မင်္ဂလာပွဲ ရှိတယ်။ မင်္ဂလာအခမ်းအနား မလုပ်ခင်မှာ အကြိုမိတ်ဆုံပွဲဆိုတာ ရှိတယ်။ အနီးနားဝန်းကျင် က ကျနော်တို့ ခမီလူမျိုးတွေပေ့ါ။ သူတို့စုပြီးတော့ သွားကြတဲ့အခါ စစ်ဆင်ရေးနဲ့ တိုးပြီးတော့ သူတို့ကို မသင်္ကာဘူး ဆိုပြီးတော့ ဖမ်းသွားတာပဲ ဖြစ်ပါတယ်ဗျ။”

အဖမ်းခံရတဲ့ လူတွေအထဲမှာ မြောက်ဦးမြို့နယ် စေတီတောင်စစ်ရှောင်စခန်းက ဆင်အိုးရွာသား ခုနစ် ဦးပါ တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးသိန်းရွှေမောင်က ပြောပါတယ်။

“လူ ခြောက် ယောက် မနေ့ကတယောက် မိန်းမကလွတ်လာပါပြီ။ ယောကျ်းတွေကတော့ ကျောက်တော် အချုပ်ထဲမှာ။ ဘယ်သူနဲ့မှ အဆက်အသွယ် မရှိပါဘူး သူတို့က။ သူတို့က ကိုယ်နေတဲ့ရွာမှာ ကိုယ့်ဝက်တွေ ကျန်ခဲ့ပါတယ်။ အဲတာ သွားကြည့်တာပါ။ သွားကြည့်တော့ အပြန်မှာ ဖမ်းတာပါ။”

အဖမ်းဆီးခံ ၂၅ ဦးထဲမှာ ကျောက်ဆည်ပြင်ကျေးရွာက ဆိုင်အတွက်ကုန်ပစ္စည်းတွေ ဝယ်ယူပြီး ပြန်လာကြ တဲ့ ဈေးသည်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းဆီးခံထားရတဲ့ သူတွေဟာ မြောက်ဦးမြို့နယ် ရန်အောင်ပြင်၊ ကျောက်ဆည်ပြင် ကြာကန်၊ ဆင်အိုးရွာ နဲ့ ကျောက်တော်မြို့နယ် ရှောက်ချောင်းဂါပုရွာက တဦး၊ စုစုပေါင်း၂၅ ဦးဖြစ်ပြီး ရခိုင်မျိုးနွယ်စု မြိုလူမျိုးတွေ ဖြစ်ကြပါတယ်။

ဒီလိုစစ်တပ်ကနေ မသင်္ကာမှုနဲ့ ဖမ်းထားတဲ့သူတွေကို စစ်ဆေးနေဆဲလို့ တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်ခင်ဗျ။ ကျနော်တို့ စစ်ဆေးတဲ့ဟာတွေတော့ အခုလောလော ဆယ်တော့ မရသေးဘူး။ အဲဒီအကြောင်းနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်ပေးပါ့မယ်။”

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ် ပွားနေဆဲလည်း ဖြစ်ပါတယ်။

မနေ့က မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ နှစ်ဘက်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးပဋိပက္ခအတွင်း ကျေးရွာသားတွေလည်း AA နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေလည်း များပြားနေပါတယ်။

ရခိုင် လူမှုအဖွဲ့အစည်းတွေကနေ ကောက်ယူထားတဲ့ စာရင်းအရ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမှုအရေအတွက် ၇၀ ထက်မနည်း ရှိနေတယ်လို့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင် ဌေးက ပြောပါတယ်။

“အခုလက်ရှိ ကျနော်တို့ ကျောက်တော်ကင်းစခန်းမှာ ရှိတာက ၂၀ ကျော် ရှိတယ်။ နောက်ပြီး စစ်တွေနဲ့ မြောက်ဦးမှာ ရှိတာက ၄၀ ကျော်။ ၇၀ လောက်တော့ ရှိမယ် ထင်တယ်။ ဒီမှာ အစစ်ဆေးခံနေရတာ အဲဒီ လောက်တော့ ရှိမယ်။

သူတို့တတွေကို အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀ ဈ နဲ့ သော်လည်းကောင်း၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇/၁ နဲ့ သော်လည်းကောင်း အမှုဖွင့် အရေးယူခံထားရပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */