ဘီဘီစီ မြန်မာပိုင်း
28 June 2019
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရိက္ခာတွေကို ရန်ကုန်ကနေ မောင်တောကိုပို့တဲ့ ယာဉ်တန်း ဇွန်လ ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရမှုဟာ အေအေ ရက္ခိုင့်တပ်မတော်က တိုက်ခိုက်တာမဟုတ်ဘူးလို့ အေအေ အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
"အဲလိုမျိုး တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးမရှိဘူး။ ဖြစ်တယ်ဆိုရင် ဗမာစစ်တပ်ဘက်က ပစ်တာပဲ ဖြစ်နိုင်တယ်။ မေ န့ ညက အဲဒီမှာ ဗမာစစ်တပ်က စစ်ကြောင်းနှစ်ကြောင်းရှိနေတယ်။...အဲဒီလမ်းကြောင်း တစ်လျှောက် လုံးက ဗမာ စစ်တပ်တွေ နေရာယူထားတဲ့နေရာ ဖြစ်တယ်။...အဲဒီနေရာက ညဆိုလို့ရှိရင် ပုဒ်မ ၁၄၄ ထုတ် ထားတဲ့ နေရာ။ အရပ်သားတွေ ညဆိုလို့ရှိရင် အဲဒီနေရာကို သွားတာမရှိဘူး" လို့ ခိုင်သုခက ဘီဘီစီကို ပြော ပါ တယ်။
- ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားသူတွေနဲ့ ရခိုင်ရေဘေး အကူအညီပေးသွားမယ်လို့ ICRCဆို
- ICRC ကို မောင်တောမြို့ကဒေသခံတွေ ဆန္ဒပြ
- ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ရခိုင်မှာ ဘာလုပ်မလဲ
အခုလိုတိုက်ခိုက်ခံရတဲ့ ယာဉ်တွေဟာ ကြက်ခြေနီတံဆိပ်တပ်ဆင်သွားလာတာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က ICRC ပြန်ကြားရေးတာဝန်ရှိသူ ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
တိုက်ခိုက်ခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး "ICRC ကနေငှားတဲ့ကား၊ မောင်တောကို ရိက္ခာသွားပို့တဲ့ကား၊ အပစ်ခံရတာမဟုတ်ဘဲ ထိသွားတယ်။ အနည်းအပါးထိသွားတယ်၊ လူသေတာမျိုးလည်း မရှိဘူး။ လက်နက် အမျိုးအစားတွေ၊ အသေးစိတ်တွေကိုတော့ မသိသေးဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ အဲဒီ တိုက်ခိုက်မှုဟာ ဂျီနီဗာကွန်ဗန်းရှင်းကို အကြီးအကျယ်ချိုးဖောက်တဲ့ သဘောမျိုးပဲလို့ တပ်မေ တာ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။ဆက်လက်ပြီး အဲဒီတိုက်ခိုက်ခံရမှု အခြေအနေကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက " ရီမုဒ်မိုင်းသုံး လုံးဖောက်ပြီး တိုက်တယ်။ လက်နက်ငယ်နဲ့လည်း ပစ်ခတ်တယ်။ ကား ခြောက်စီးက ပထမဆုံး အစီးကတော့ လေကာမှန် ကွဲသွားတယ်။ ကားကိုယ်ထည်မှာတော့ လက်နက်ငယ်ကျည် ထိမှန်ပြီး ပျက်စီးခဲ့တယ်။ လူနဲ့ ယာဉ်မောင်း တွေ ထိခိုက်မှု မရှိဘူး" လို့ ပြောပါတယ်။
အေအေအဖွဲ့ အနေနဲ့တော့ ဘူးသီးတောင်-ရသေ့တောင်လမ်း၊ မောင်တော-အငူမော်လမ်း၊ စစ်တွေ-ရန်ကုန် လမ်းမှာ မိုင်းထောင်ခဲ့တာ အကြိမ် ၂၀ ကျော်လောက်ရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုတိုက်ခိုက်ခံရမှု ဖြစ်ပွားတဲ့ မဟာမုနိအနီးမှာ အေအေအဖွဲ့က မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်တာ သုံးကြိမ် ရှိပြီဖြစ်ကြောင်း၊ မိုင်းဖော်ယူရရှိတာလည်း သုံးကြိမ်ရှိပြီဖြစ်ကြောင်းနဲ့ အခုရရှိတဲ့ မိုင်း အစအနေတွေက လည်း အေအေအဖွဲ့ အရင်တုန်းက ထောင်ခဲ့တဲ့ မိုင်းပုံစံ လက်ရာနဲ့ တစ်ပုံစံတည်းပဲ ဖြစ်လို့ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုတာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
Link : Here



No comments:
Post a Comment