Monday, June 10, 2019

မိုက်ကယ်ကျော်မြင့် ကို ဝမ်းတွင်းကယောက္ခမ ရွာ မှာဖမ်းမိ

B B C
ဘီဘီစီ မြန်မာပိုင်း
12-06-2019
တောင်ဒဂုံ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရတာပါ။  

  ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ်မှာ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် တရားခံပြေး အဖြစ် ကြေညာခံထားရတဲ့ မိုက်ကယ်ကျော်မြင့် ကို ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဖ လံ ကျင်းကျေးရွာက သူ့ယောက္ခမ နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ် ပြန်ပါတယ်။

သူရဲ့ ယောက္ခမတော်စပ်သူ ဦးကျော်မောင်၊ ဒေါ်ခင်သန်းတို့ နေအိမ်မှာ ရောက်ရှိ ပုန်းခိုနေကြောင်း တာဝန် သိပြည်သူတစ်ဦးရဲ့ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၀ရက်နေ့က သက်သေတွေနဲ့အတူ သွားရောက်ဖမ်းဆီး လိုက်တာလို့လည်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ရဲအင်အား ၃၀ လောက်နဲ့ လာဝိုင်းပြီး ဖမ်းတာပါ။ အေးအေးဆေးဆေးနဲ့ အဖမ်းခံပါတယ်" လို့ မိုက်ကယ် ကျော်မြင့်နဲ့ အတူရှိနေတဲ့ ဇနီးသည် ဒေါ်အေးအေးသင်း က ဘီဘီစီကို ပြောပါတယ်။

မေလ ၁၅ ရက် ညက ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံ ဆူပူမှု မှာ မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ လူအင်အား ၁၀၀ လောက်ဟာ တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နဲ့၂၆ ရပ်ကွက်တွေက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆု တောင်း ရာ နေအိမ်တွေ ကို ဝင်ရောက် စစ်ဆေးခဲ့သလို ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးတွေကိုနောင် ထပ်မံဝတ်ပြုခြင်း မလုပ်ဖို့ ညသန်းခေါင်ယံ အချိန်မှာ ခံဝန်ရေးထိုးစေခဲ့တာ ဖြစ်ပါတယ်။
  ဒီဆူပူမှုမှာ အဓိက တရားခံအဖြစ် သတ်မှတ် ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်က လာရောက် အဖမ်းခံခြင်း မရှိသေးဘဲ ထွက်ပြေး တိမ်းရှောင်နေခဲ့ဖြစ်ပြီး သူနဲ့ အတူ အမှုဖွင့်ခံထားရတဲ့ သီဟမျိုးနိုင် (နိုင်ဒဂုံ) ကတော့ ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က တောင်ဒဂုံ တရားရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်(နိုင်ဒဂုံ)တို့ နှစ်ယောက်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆို ခံ ထားရပြီး တရားရုံးကို ဆင့်ခေါ်ထား တဲ့ရက်မှာ လာရောက်ခြင်း မရှိတာကြောင့် တောင်ဒဂုံမြို့နယ် တရား ရုံးက တရား ခံပြေးအဖြစ် ကြေညာခံထားရသူတွေ ဖြစ်ပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ ၂၀၁၇ ခုနှစ်အတွင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ကိုယ်ရေး အရာရှိတို့ မြေကိစ္စမှာ လာဘ်စားခဲ့တယ်လို့ စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ခြောက်လ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ တို့နဲ့ ထောင်ဒဏ် သုံး လ၊ ဒါ့ အပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ် ပါတယ် ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */