Sunday, June 23, 2019

တိုက်ပွဲကြောင့် မင်းပြားနယ်သားများထွက်ပြေး

နိရဉ္စရာ
22 Jun, 2019
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၂၂∕ ၂ဝ၁၉
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများသည် ရွာလုံးကျွတ်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာမှဒေသခံများသည် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသို့ အများ ဆုံး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

မင်းဖူးကျေးရွာမှ ဒေသခံ ဦးမောင်ကျိုင်နုက “တဖြည်းဖြည်းနဲ့ စစ်ရှောင်တွေ တိုးလာပါတယ်။ ဒါတောင် ဒီနေ့ စာရင်းက အတိကျ မကောက်ရသေးဘူး။ သူတို့စားဝတ်နေရေးကိုတော့ ကျွန်တော်တို့ ရွာကအစီစဉ်နဲ့ ထောက်ပံ့ ကျွေးမွေး နေပါတယ်။ အလှူရှင်အသင်းတွေလည်း လာဖို့တော့ ရှိပါတယ်။ အစိုးရဘက်ကိုတော့ အုပ်ချုပ်ရေးလည်း တာဝန်ပိုင်းဆိုင်ရာနဲ့ တင်ပြလို့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဇွန် ၁၈ ရက်နေ့မှ ဇွန် ၂၁ရက်နေ့ထိ မင်းဖူးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူ အရေအတွက်မှာ ကျား ၂၂၂ ဦး၊ မ ၂၈၆ ဦး စုစုပေါင်း ၅ဝ၈ ဦးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာမှဒေသခံများသည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနှင့် မြောက်ဦး မြို့နယ် ကျောင်းတောင်ကျေးရွာများသို့လည်း ထွက်ပြေးတိမ်းရှောင်နေသူများရှိကြောင်း သိရသည်။

ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက “ရွာက လူတွေက တစ်ချို့တော့ ကျန်ရှိ နေပါသေး တယ်။ ခုထိတော့ ကြောက်လန့်နေကြပြီး ထွက်ပြေးနေကြတုန်းပါ။ တစ်ချို့က မင်းပြားနယ် ပန်းမြောင်းဘက် ကို သွားကြတယ်။ တစ်ချို့က မြောက်ဦးနယ် ကျောင်းတောင်ဘက်ကို သွားကြတယ်။” ဟု နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ကတည်းက ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာအနီး တောင်ပေါ်တွင် ပစ်ခတ်သံများ ကြားရသည့်အတွက် ဒေသခံအချို့ မင်းဖူးကျေးရွာသို့ ထွက်ပြေးခဲ့ရကြောင်းလည်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */