လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မင်းသားတောင်ရွာက ဦးကျော်လှိုင် ကို ကျောက်တော်ဆေးရုံမှာ ၂ဝ၁၉ မေ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zaw Worn
ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ် ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။
စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးတာနဲ့ပတ်သက်လို့ အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ မရှိတာကြောင့် အ ခုလို စာပေးပို့လိုက်တာလို့ စာပေးပိုရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက RFA ကိုပြောပါတယ်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို ဧပြီလ ၁၀ ရက်နေ့မှာ တပ်မတော်က ဖမ်းဆီးပြီး စစ်ကြော ရေးလုပ်ဆောင်စဉ် လူ သုံးဦးသေဆုံးခဲ့သလို မေလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မင်း သားတောင်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးကျော်လှိုင်ကို တပ်မတော်က စစ်ကြောရေး ဆောင်ရွက်လို့ ရလာတဲ့ဒဏ် ရာတွေကြောင့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ နိုင်ငံတော် သမ္မတ ထံပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။
အဲဒီစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တိုင်ကြားစာနဲ့ အသနားခံစာရေးရာ ကော်မတီ ကိုပါ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း တပ်မတော်က ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သူ ၁၂ ဦးအထိ ရှိနေပါတယ်။
Link: Here

No comments:
Post a Comment