" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 29, 2019

ကုလားတန်မြစ်အတွင်း တိုက်ပွဲမှာ တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-29
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

-

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မောင်နှမရွာနဲ့ ငဒက်ရွာကြား ကုလားတန်မြစ်အတွင်း သွားနေတဲ့ တပ်မ တော် စစ်ကြောင်းက စက်လှေ လေးစီးကို ရက္ခိုင့်တပ်မတော် AA က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံးခဲ့သလို AA ဘက်ကလည်း တစ်ယောက် ကျဆုံးခဲ့တယ်လို့ နှစ်ဖက် ပြောခွင့်ရသူတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က အရာရှိနှစ်ယောက် ကျဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောပါတယ်။

"ပလက်ဝမှာဖြစ်တဲ့နေရာမှာတော့ အရာရှိနှစ်ယောက် ကျဆုံးတာရှိပါတယ်ဗျ၊ ပလက်ဝမြောက်ဘက်မှာ ဖြစ် ခဲ့တယ်၊ မြစ်ကူးနေတုန်းမှာ ကျွန်တော်တို့ ပစ်ခတ်ခံရတယ်၊ နောက်ပြီးတော့ ကုန်းပေါ်မှာလည်း တိုက် ပွဲဖြစ် ခဲ့တာရှိတယ်ဗျ၊ ဒီအတွက်ကြောင့် ဟိုဘက်ဒီဘက် အကျအဆုံးရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ ကျွန် တော်နာမည်တော့ အတည်မပြုပေးနိုင်ဘူးဗျ၊ ကျွန်တော်တို့လည်း အရာရှိ နှစ်ဦး သေဆုံးတယ်ဆိုတာတော့ သိရပါတယ်ခင်ဗျ ဟုတ်"

မနက် ရှစ်နာရီကျော်လောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့ တပ်မတော်စစ် ကြောင်း ဟာ ခမရ ၂၁၈ က ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလိုပြောပါတယ်။

"၂၆ ရက်နေ့မှာ ဒီမနက် ၈ နာရီ ၁၅ က စပြီးတော့ ပလက်ဝမြို့နယ် မောင်နှမရွာနဲ့ ငဒက်ရွာကြားမှာ ဖြစ်တာ၊ ဒီကုလားတန်မြစ်ထဲမှာပေါ့၊ အဲမှာ ဗမာစစ်တပ်ရဲ့ ခမရ ၂၁၈ ပေါ့နော်၊ အဲမှာ ဒီသူတို့စစ်ကြောင်းက ကုလား တန်မြစ်ကြောင်းထဲမှာ စက်လှေ လေးစီးနဲ့ တက်လာတာ အဲဒါ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလှုပ်ရှား စစ်ကြောင်းတွေကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တာ၊ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က စက်လှေနှစ် စီးပေါ့ နော် အဲ့တာ နှစ်စီးကိုလုံးဝချေမှုန်းနိုင်ခဲ့တယ်၊ အဲ့ဒီ ၂၆ ၂၆ ရက်နေ့မှာ မနက် ၈ နာရီ ၁၅ ကနေ ည ၈ နာရီ လောက်အထိပေါ့နော် အဲဒီမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လိုက် ကြိုကြားကြိုကြားဖြစ်လိုက်နဲ့ အဲလိုမျိုး တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့တယ်ဗျ၊ အဲမှာကျွန်တော်တို့ ရက္ခိုင့်တပ်မတော်ဘက်ကတော့ ရဲဘော်တစ်ဦး တိုင်း ပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတာရှိတယ်၊ နောက်ပြီးတော့ ဒဏ်ရာရရှိတဲ့သူတချို့ ရှိခဲ့တယ်ဗျ"

အဲဒီတိုက်ပွဲအတွင်း AA ဘက်က တပ်သားတစ်ယောက်ကျဆုံးပြီး သုံးယောက်ခန့် ဒဏ်ရာရှိခဲ့တယ်လို့ လည်း ခိုင်သုခက ပြောပါတယ်။

ဒီကနေ့ မေလ ၂၉ ရက်နေ့မှာလည်း ကြိုကြားကြိုကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ် အချက် အလက်တွေတော့ မသိရသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တပ်မ တော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးတဲ့ စာရင်းကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA ကပြုစုထားတဲ့စာရင်းအရ အရပ်သား ၄၉ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၈၅ ယောက်ယောက်ရှိပြီဖြစ်ပါတယ်ခင်ဗျာ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */