Saturday, May 25, 2019

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော် မေ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် သည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးMr. Filippo Grandi နှင့် ယနေ့နံနက် ၉ နာရီတွင် နယ်စပ် ရေးရာဝန်ကြီး ဌာန အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ် နယ်စပ်ဒေသရှိ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အကောင် အထည် ဖော်ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြု တင် ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ လတ် တလော တိုက်ပွဲရှောင် ပြည်သူများအတွက် စားဝတ်နေရေး ထောက်ပံ့ကူညီပေးရေး ကိစ္စ၊ တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာသွား သူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးဆိုင်ရာကိစ္စ၊ နိုင်ငံ ရွှေ့ပြောင်း အလုပ် သမားများနှင့်စပ်လျဉ်း ၍ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် ပေးခဲ့သည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများ၊ တောင်ပေါ် IDPs စခန်း (မြေပုံမြို့နယ်) ပိတ်သိမ်းနိုင်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုနှင့် ကျန် IDPs စခန်းများ ပိတ်သိမ်းရေး အတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */