" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 5, 2019

ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး တိကျတဲ့ နည်း လမ်းတွေ ချပြဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-05


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဒုက္ခသည်ပြန်လည်လက်ခံရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ မေ ၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်
Photo: Ministry of Foreign Affairs Myanmar

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်လာနိုင်ရေး တွန်းအားပေးနိုင်ဖို့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ အာမခံပေးဖို့၊ တိကျပြီး အချိန်အ ကန့် အသတ်ပါဝင်တဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး တိကျတဲ့ နည်းလမ်းကို အပြုသဘော ချပြပေးဖို့ ဘင်္ဂ လားဒေ့ရှ်နိုင် ငံက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့က မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာ ကျင်းပတဲ့ နှစ်နိုင်ငံအကြား ဒုက္ခသည်ပြန်လည် လက်ခံရေး ညှိနှိုင်းအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်တွေက အခုလို တောင်းဆိုခဲ့ တာဖြစ်တယ်လို့ မနေ့က ဒါကာမြို့က လာတဲ့ တူရကီအစိုးရသတင်းဌာနက သတင်းမှာ ဖော်ပြထားပါတယ်။

နေပြည်တော်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဖက်က နေရပ်ပြန်ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးနဲ့ နေရပ်ပြန်ရောက်တဲ့အခါ အသွားအလာကန့်သတ်တာတွေ မလုပ်ဖို့အပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ရရှိရေးကို အဓိကထား ပြောကြားတယ်လို့ သိရပါတယ်။

သောကြာနေ့က ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မာဘတ် အူးဇ် ဇာမန်းနဲ့ မြန်မာနိုင် ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ ဦးဆောင် ဆွေးနွေးခဲ့တာဖြစ်ပြီး နိုင်ငံသား စိစစ်ရေး လုပ် ငန်းတွေ အရှိန်တိုး ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

လင့်၊https://www.rfa.org/burmese/news/refugees-reacceptance-meeting-05052019042957.html?fbclid=IwAR2a1Oi7oMpukGuAqpl6CiAg67G-RwpRJIEV4bvWyD_24wYxVarZqiN1His

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */