" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 4, 2019

လွတ်လပ်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ၂ ရက်ကြာ ဆွေးနွေး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-04
ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံစဉ်
Photo: Independent Commission Of Enquiry_ICOE_myanmar 
 

နိုင်ငံတော် သမ္မတ ဦးဝင်မြင့် ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဟာ ကော်မရှင်ရဲ့ ၈ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့ တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ဆက်စပ် ဖြစ်စဉ်တွေကို စိစစ်အတည်ပြုဖို့ တပ်မတော်က မတ်လ ၁၈ ရက်နေ့က ခုံရုံး ဖွဲ့စည်းလိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ကော်မရှင်က ပြောကြားခဲ့ပြီး ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ကော်မရှင်ဖွဲ့စည်းတဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံတကာဖိ အားပေးမှု တွေကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လု့ိ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်မရှင်က တင်ပြတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တင်ပြချက်တွေကို တပ်မတော်က ပွင့်ပွင့်လင်းလင်း နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့တာကိုလည်း လေးစားတန်ဖိုးထားကြောင်း၊ ဒ့ါအပြင် တပ်မ တော်ခုံရုံးက တွေ့ရှိချက်တွေနဲ့ စစ်ဆေးချက်တွေရရှိရင်လည်း ကော်မရှင်နဲ့ မျှဝေဖို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကိုလည်း လေးစားကြောင်း ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ အချက်အလက်နဲ့ အထောက်အထား စုဆောင်းရုံသာဖြစ်ပြီး တွေ့ရှိချက်တွေက သမ္ မတ ထံ တင်ပြရမယ့် တာဝန်ရှိကြောင်း၊ ပဏာမ အစီအရင်ခံစာကို လောလောဆယ် ရေးသားနေကြောင်း လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */