Tuesday, May 28, 2019

ဝရမ်း အတည်ပြုပြီးပါက ဦးဝီရသူကို ညတွင်းချင်း ဖမ်းရမည်ဟု ရဲတပ်ဖွဲ့ ပြော

ဧရာဝတီ
ဧရာဝတီ၊ မေ ၂၈၊ ၂၀၁၉
အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူကို ရန်ကုန်မြို့ ၊ အနောက် ပိုင်း ခရိုင် တရားရုံးမှ တွဲဖက် တရားသူကြီး ဦးကျော်ကျော်က ဖမ်းဝရမ်း ထုတ်လိုက်သဖြင့် ဆရာတော် ဦးဝီရ သူကို ဖမ်းဆီးပေးရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထံမှ သတင်း ရရှိသည်။

ဆရာတော် ဦးဝီရသူကို ဖမ်းဆီး အရေးယူရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦး ဆန်းမင်းက ရာဇသတ် ကြီး ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အရေးယူပေးရန် တရား လို ပြုလုပ်တိုင်ကြားလာခြင်း ဖြစ်ကြောင်း နေပြည်တော်မှ ဒုတိယ ရဲမှူးကြီး တဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“ဝရမ်း အတည်ပြုရမယ့် နေရာက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဖြစ်တယ်။ ဝရမ်းထုတ်ရင်တော့ ဖမ်းရတယ်။ မြို့နယ်မှူးက ဆက်လုပ်လိမ့်မယ်။ အခုက ဖမ်းဝရမ်းဆိုတော့ ဖမ်းရမှာပေါ့”ဟု ဒုရဲမှူး ကြီးတဦးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ်သက် ပြီး ဦးဝီရသူကို တရား စွဲရန် အမှုတည်ဆောက်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာ ဝန်ရှိသူများက ပြောဆိုထားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */