Tuesday, May 28, 2019

ဦးဝီရသူကို ရန်ကုန်တိုင်း သံဃ မဟာနာယကမှ ခေါ်ယူ သြဝါဒပေးမည်

ဧရာဝတီ
By ထက်နိုင်ဇော်
28 May 2019

အမျိုးသားရေး ဆရာတော် ဦးဝီရသူ / မျိုးမင်းစိုး / ဧရာဝတီ

 အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ၏ မေလဆန်းပိုင်း က လူမှုကွန်ရက်တွင် ပြန့်နှံခဲ့သည့် ဟောပြောချက်များကြောင့် ဆရာတော်ကို ရန်ကုန်တိုင်း သံဃာမဟာနာယကမှ ခေါ်ယူ သြဝါဒ ပေးမည် ဖြစ်ကြောင်း သိရသည်။


သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦး က “သြဝါဒပေးဖို့ တိုင်းသံဃာ မဟာနာယက က ခေါ်ထားတာပဲ ရှိသေးတယ်။ နိုင်ငံတော် သံဃာ မဟာနာယက က တိုင်းသံဃာ မဟာ နာယကကို ဆရာ တော် ဦးဝီရသူကို ခေါ်ပြီးတော့ သြဝါဒပေးဖို့ ဒါလေးတော့ ပြောထားတယ်ဗျ။ ရန်ကုန်တိုင်း သံဃာ နာယက ကို ဗဟိုက ညွှန်ကြားထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာတော် ဦးဝီရသူသည် ယခုလကုန်ပိုင်းတွင် ရန်ကုန်မြို့ သို့ ကြွရောက်လာရန် ရှိကြောင်း၊ အခြား အရေး ယူမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မပြောချင်ကြောင်း၊ ပြောမှားဆိုမှား ရှိပါက အကုသိုလ် ဖြစ်မည်ကို ကြောက် ၍ ဖြစ်ကြောင်း ယင်းအရာရှိက ပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဝီရသူ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အသံဖိုင်များကို စိစစ်နေပြီး ယင်းပြော ဆိုချက်များသည် ဥပဒေနှင့် ညီညွှတ်မှု ရှိ၊ မရှိ သုံးသပ်နေကြောင်း၊ ဥပဒေနှင့်မညီပါက အရေးယူရမည် ဖြစ်ကြောင်း ယင်းဝန်ကြီး ဌာနမှ အမြဲတန်း အတွင်းဝန် ဦးမြင့်ဦးက မေလ ၈ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ဟောပြောချက်များနှင့် ပတ် သက် ပြီး ဦးဝီရသူကို တရား စွဲရန် အမှုတည်ဆောက်နေသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြော ကြောင်း မေလ ၈ ရက်နေ့ထုတ် 7 Day နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

အမှုတည်ဆောက်နေသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့ ထံသို့ ဖမ်းဝရမ်း ရောက်ရှိလာခြင်း မရှိဟု မနေ့က နေပြည်တော်တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက သ တင်းထောက်များကို ပြောသည်။

ရဲဗိုလ်ချုပ် မျိုးဆွေဝင်း က “ဦးဝီရသူနဲ့ ပတ်သက်ပြီး ကျနော်တို့ ဝရမ်း အခုချိန်ထိ မရသေးပါဘူး” ဟု ပြော သည်။

ထို့ကြောင့် ဆရာတော် ဦးဝီရသူကို အမှုတည်ဆောက်ပြီး အရေးယူနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းသေးသလို ဧရာဝတီက ဆရာတော် ဦးဝီရသူထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက် ခံပွဲတွင် ဦး ဝီရသူ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ ပြောဆိုသော ၂ မိနစ်ခွဲခန့်ရှိ ရုပ်သံဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့ နှံခဲ့သည်။

ထိုရုပ်သံထဲတွင် ဦးဝိရသူက ဒေါ်အောင်ဆန်းစုကြည် အပေါ် အမနာပ ပြောဆိုထားမှုများပါဝင်ပြီး ယင်းပြော ဆိုမှုအပေါ် ဝေဖန်မှုများ ရှိနေသကဲ့သို့ အရေးယူရေးအတွက် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့်“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်ရှောက် ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ” တွင် ဆရာတော် ဦးဝီရသူက လွှတ်တော်ထဲတွင် အမုန်းခံ၍ တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဘုရား လို ကိုးကွယ်သင့်ကြောင်း မိန့်ကြားခဲ့သေးသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးညွှန့်က အုပ်ချုပ်ရေးပိုင်း၏ ဆောင် ရွက်ချက်များနှင့် ပတ် သက်၍ သီးခြား မှတ်ချက် မပြုချင်သော်လည်း တိုင်းပြည်တွင် တရား ဥပဒေ စိုးမိုးရေး ရှိရန် လိုအပ်ကြောင်း၊ သံဃာကိစ္စ ဖြစ်နေ သဖြင့် သံဃာ့ ဝိနည်း၊ စည်းမျဉ်း၊ စည်းကမ်းနှင့် ညီညွှတ်အောင် သံဃာအဖွဲ့ အစည်းများက လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးဝီရသူသည် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် သီတင်းသုံးနေထိုင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော် တပါး ဖြစ်ပြီး မွတ်စလင် ဆန့်ကျင်ရေး ဆရာတော် တပါးအဖြစ် လူသိများသည်။ အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ်ကိုယ် ခေါ်ဆိုနေသူများကမူ ဦးဝီရသူကို အခိုင်အမာ ထောက်ခံကြသည်။

ထို့ပြင် ဆရာတော်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်၍ ထုတ်ဖော်ပြော ဆိုမှုများကြောင့် နာမည်ကျော် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” အဖြစ် ဖော်ပြ ခြင်း ခံခဲ့ရဖူးသည်။

You May Also Like These Stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */