နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၈/ ၂၀၁၉
ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်ကို အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် နေရာအပြောင်းအလဲလုပ်လိုက်ကြောင်း ဘီဘီစီ (မြန်မာပိုင်း) သတင်းအရ သိရသည်။
နိရဉ္စရာ၊ မေလ ၂၈/ ၂၀၁၉
စစ်ဆင်ရေးလိုအပ်ချက်အရ ဟိုဖက်ဒီဖက် ချိန်းလိုက်ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့အတွင်း ရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်စိုးတင့်နိုင်ဟာ အနောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူးအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ မှ စတင်တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အနောက်ပိုင်းတိုင်းမှူး နေရာက ဗိုလ်ချုပ် မောင်မောင်စိုးကို ဖယ်ရှားပြီးနောက် အစားထိုးခန့်အပ်ခံရသူ ဖြစ်သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ် အမ်းမြို့တွင် တည်ရှိပြီး ၎င်းအမ်းမြို့နယ်တွင် ရက္ခိုင် တပ်တော် AA နှင့် မြန်မာတပ်မတော်တို့ အကြား ယခုနှစ်မေလ ၁၂ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကျအဆုံးများရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ အချိန်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀၀ ခန့် ရှိသွားပြီ ဖြစ်သည်။

No comments:
Post a Comment