Saturday, May 4, 2019

AA အဖွဲ့မှ အပြစ်မဲ့အရပ်သားတစ်ဦးအား အကြောင်း မဲ့သတ်ဖြတ်

ရခိုင်/မြန်မာသတင်းစုံ
4-5-2019

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ကျေးရွာတွင် အပြစ်မဲ့အရပ်သားတစ်ဦးအား AA အဖွဲ့မှ ၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ သတ်ဖြတ်ခံ ရသူသည် ပီကောက်ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် ဦးစိန်ကုလားဆိုသူဖြစ်ပြီး ၎င်း၏ကျောကုန်း တွင် ထိုးသွင်း ဒဏ်ရာ၊ ဦးခေါင်းနောက် ယာဘက်၌ ပြတ်ရှဒဏ်ရာ၊ ယာဘက်ရင်ဘက်တွင် ထိုးသွင်း ဒဏ်ရာ၊ ယာဘက် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

AA အဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ ဦးစိန်ကုလားသည် မေလ ၂ ရက်နေ့ မနက် ၅ နာရီခန့်တွင် ၎င်း၏ အိမ်၌ ဇနီးဖြစ်သူနှင့်အတူအိပ်နေစဉ် ဓားရှည်များကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင် ၁၀ ဦးမှ လာရောက်သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေလ ၂ ရက်နေ့ မနက်ပိုင်းတွင် ဦးစိန်ကုလား နေထိုင်သည့် အိမ်အတွင်းမှ အော်ဟစ်သံများကြား သဖြင့် တစ်ခြံတည်းနေထိုင်သည့် သမီးဖြစ်သူ မမိုးမိုးအေးသန်းမှ ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်အတွင်း မှကြည့်နေစဉ် ဦးစိန်ကုလားအိမ်အတွင်းမှ ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင် ၁၀ ဦးထွက် လာခဲ့ကြောင်း ပြောပြခဲ့သည်။ AA အဖွဲ့ဝင်များမှ မမိုးမိုးအေးသန်း၏ ခင်ပွန်း ဖြစ်သူအား ထပ်မံသတ်ဖြတ် ရန်ရောက်လာခဲ့ပြီး ၎င်းမှငိုယိုတောင်းပန်ခဲ့သဖြင့် မသတ်ဘဲပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်းပြော ဆိုခဲ့သည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ယခင်ကလည်း ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားများအား မကြာခဏ သတ်ဖြတ်မှုများပြုလုပ်နေသည်။ ထိုသို့သတ်ဖြတ်ရာတွင် AA အဖွဲ့ အားမထောက်ခံသည့်သူများ၊ အစိုးရ တပ်အား ၎င်းတို့သတင်းပေးနေသည်ဟု သံသယရှိသူများအား ခြိမ်းခြောက်စာများပေးပို့၍ သစ္စာ ဖောက် ခေါင်း စဉ်တပ်ကာ ယခုကဲ့သို့သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ယခု ဦးစိန်ကုလား အပါအဝင် AA အဖွဲ့ ၏သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၂၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း သိရ သည်။

ဇော်ဦး

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */