Thursday, May 9, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်း ရေးအတွက်ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေဝိုင်းသို့ တက်ရောက်အမှာစကားပြောကြား

မြန်မာ့အလင်း သတင်းစာ
နေပြည်တော် မေ ၇

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ တက်ရောက်လာကြ သူအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အခြေ စိုက်သည့် ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာ သာများ(Religions for Peace-RfP International) အဖွဲ့ကြီး သည် နိုင်ငံတကာဘာသာပေါင်းစုံက ဘာသာရေးခေါင်း ဆောင် ကြီးများ ပါဝင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သည့် အကြီးမားအကျယ် ပြန့်ဆုံး အဖွဲ့ကြီးဖြစ် သည်ဟု သိရှိရပါကြောင်း၊ အဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့ကိုးကွယ်မှု ဘာသာဝင်များ အား လုံးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ မတူညီသည့် ဘာသာ ဝင်များအကြား ပဋိပက္ခများကိုအသွင် ပြောင်းပြီး လူသား တို့၏ တိုးတက်မှုကိုမြှင့်တင်ရန်၊ ညီညွတ် မျှတ သည့် လူမှုအသိုက်အဝန်းများ ဖြစ်ပေါ် လာစေရန်နှင့် ကမ္ဘာမြေကြီးကို အကာအကွယ်ပေးရန် ရည်မှန်းချက် များ ဖြင့် ဖွဲ့စည်းထားရှိသည်ဟု သိရှိရပါ ကြောင်း။

RfP အဖွဲ့ကြီးက ဦးဆောင်ပြီး ''မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကား ရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး"ဆွေးနွေးပွဲကြီးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ(၂၁)ရက်မှ (၂၂)ရက် အထိ နေပြည်တော် f MICC-2၌ ပထမအကြိမ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခု ဒုတိယ အကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပနိုင် သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် ပါကြောင်း။

လောကပါလတရားများ ထွန်းကား

ကိုးကွယ်မှုဘာသာတရားတိုင်းတွင် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်း စေမည့် လူ့ဘောင်လော ကကြီး အေး ချမ်း သာယာစေမည့် အဆုံးအမတရားများ၊ လမ်းòန်ချက်များ၊ နည်းပေးလမ်းပြ လိုက်နာစေရန် သွန်သင်ချက်များ ပါရှိကြ သည့်အတွက် ဘာသာတရားများသည် တရားမျှတမှု၊ လူသားတို့၏ ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှု စသည့် လောက ပါလတရားများကို ထွန်းကားစေရန် ဖြစ်ပါ ကြောင်း၊ ဘာသာ တရား၏ သွန်သင်ဆုံးမ မှုများက လူ သားတို့၏ စိတ်နှလုံးကို ရင့်ကျက်သိမ်မွေ့စေပြီး ငြိမ်းအေးမှုကို ပေး စွမ်းနိုင်ပါကြောင်း။

ယနေ့ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်ကြီးများသည် ဘာသာ တရား၏ အဆုံးအမများကို လိုက်နာခံယူ ပြီး ညီညွတ်ငြိမ်းချမ်းသော လူ့ဘောင်ဘ၀ တည်ဆောက်နိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေးတို့ကို ပိုမိုတိုး တက်ခိုင်မာ စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မတူညီ ကွဲပြားသော ဘာ သာဝင်များအကြား အပြန်အလှန်နားလည်မှု၊ လေးစား ယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်း လုံခြုံသာ ယာသော လူ့ဘောင်ဘ၀ တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း။





ထာဝရငြိမ်းချမ်းရေး၏ အနှစ်သာရ

ကမ္ဘာပေါ်တွင် ဘာသာရေးအစွန်း ရောက်အဖွဲ့များကြောင့် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ စစ်မက်ရေး ရာများ နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာရသည့် ဘေးဒုက္ခများ အကြောင်းကို အသိ ပညာပေးနိုင်ရန် အတွက် အာရှနှင့် ပစိဖိတ်ဘာသာပေါင်းစုံ လူငယ်ကွန်ရက် နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ စိန်မေရီကက်သီဒြယ် ဘုရား ကျောင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်မှ (၂၀)ရက်အထိ ငြိမ်းချမ်းမေ တ္တာ အဖွဲ(RfP-Myanmar) က ကြီးမှူး ကျင်းပပြုလုပ်ခဲ့သည်ဟု သိရပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို တာဝန်ယူ ရမည့် လူငယ်များအနေဖြင့် ယခုဆွေးနွေး ပွဲတွင် ထာဝရငြိမ်းချမ်းရေး၏ အနှစ်သာရ များကို ဆွေးနွေးနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ဂျာမနီ နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Religions for Peace ကမ္ဘာလုံးဆိုင်ရာ ညီ လာခံ ကြီး၌ ဆွေးနွေးတင်ပြလိုသည်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အာရှ တိုက်လုံးဆိုင်ရာ ဘာ သာပေါင်းစုံညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ် ၅ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ စိန်မေရီ ကက်သီ ဒြယ်ဘုရားကျောင်းတွင် အာရှ တိုက်အတွင်းရှိ နိုင်ငံပေါင်း၂၁နိုင်ငံမ်ျွှဏ ကိုယ်စားလှယ်များနှင့် ကျင်းပပြု လုပ် နိုင်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း။

ချစ်ကြည်ညီညွတ်ရေးကိစ္စ

ထို့ပြင် ၂၀၁၉ ခုနှစ် ဧပြီ (၂)ရက်က ရန်ကုန်မြို့ Royal Garden Hotel တွင် မြန်မာနိုင်ငံ၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှ တစ်ဆင့် ပြည်တွင်း တည်ငြိမ်အေးချမ်းသာယာ ရေး၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု ရရှိ ရေးတို့ကို ဦးတည်ဆောင်ရွက်သွားကြရန် ရည်ရွယ် ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ (မြန် မာနိုင်ငံ)နှင့် ငြိမ်းချမ်းမေတ္တာ အဖွဲ့ (Religions for Peace-Myanmar)တို့ နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခဲ့ခြင်းသည် နောင်တွင် ဆက်လက်ဆောင်ရွက်မည့် ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး ကိစ္စရပ် များတွင် ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဟု အလေးအနက် ယုံကြည်မိပါ ကြောင်း။

စူးစမ်းရှာဖွေမှုများ ပြုလုပ်

နေပြည်တော် သင်္ဂဟဟိုတယ်၌ ငြိမ်းချမ်းမေတ္တာအဖွဲ့(RfP)က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် ''မြန် မာနိုင်ငံ တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးထွန်းကားရန်အတွက် ဘာသာပေါင်း စုံငြိမ်း ချမ်းရေး''ဆွေးနွေး ပွဲကြီးတွင် လူ့ဂုဏ်သိက္ခာနှင့် အများ တကာ မျှဝေခံစားအပ်သည့် ကောင်းကျိုး အဖြာဖြာ တို့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအဝိုင်းတစ်ရပ်လုံးက ခွဲဝေ ထမ်းဆောင်ရမည့် တာဝန်ခံမှုရှုထောင့် တို့အပေါ် အခြေခံပြီး ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရန်၊ ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိ ရန် နှင့် တံခါးဖွင့်စီးပွားရေးစနစ် ဖြစ်ထွန်းနိုင်ရန် ကြိုးပမ်းနေစဉ် တွေ့ကြုံရင်ဆိုင်နေရ သည့် အခက်အခဲအ ကျပ်အတည်းများကို ကျော်လွှားနိုင်မည့် အဖြေတစ်ရပ်ကို ရှာဖွေကြရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှိသည့် ယုံ ကြည်ကိုးကွယ်ရာ ဘာသာ အသီးသီးတို့တွင် ကိန်းဝပ်တည်ရှိနေ သည့် ဓမ္မတရား၊ အကျင့်သီလ၊ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ လမ်းòန်ဒေသနာ တို့၏ အကျိုးပြုဆောင်ကြဉ်းနိုင်စွမ်းနှင့် တာဝန်ယူနိုင်မှု အ လား အလာများကို လည်း စူးစမ်းရှာဖွေမှုများ ပြုလုပ်သွား မည်ဟုလည်း သိရှိရပါကြောင်း။

မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ကြ သည့် လူမျိုးပေါင်းစုံတို့၏ မတူကွဲပြားသည့် ဘာသာအချင်းချင်း အပြန် အလှန် နားလည်ယုံကြည်မှုများ ထားရှိပြီး တည်ငြိမ်အေးချမ်းသည့် လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်တားဆီးရန်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကို အပြည့်အဝ ကူ ညီစောင့်ရှောက်ပြီး ပြန်လည်ထူထောင်ပေးနိုင်ရန်၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ဆုံးမချက်များနှင့်အညီ အပြန် အလှန်လေးစားမှုဖြင့် ပူး ပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း။

ယခုကဲ့သို့ ဆွေးနွေးပွဲများအမြဲမပြတ် လုပ်ဆောင်ခြင်းအားဖြင့် ကိုးကွယ်ရာ ဘာသာတူသူများအချင်းချင်း၊ ကိုးကွယ် ရာ ဘာသာမတူညီသော ဘာသာဝင်များ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည် ရင်းနှီးစွာ အတူ တကွ လက်တွဲနေထိုင် နိုင်ကြစေရန်နှင့် ငြိမ်းချမ်းရေးစိတ်ထား များ ပျံ့နှံ့ကိန်းအောင်းလာစေရန် အင်တိုက် အားတိုက် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်နိုင်ကြပါစေ၊ အောင်မြင်မှု အသီးအပွင့်များ ရရှိခံစားနိုင်ကြပါစေ၊ မိမိတို့၏ နိုင်ငံတော်ကြီးလည်း အေးချမ်း သာယာပြီး အမြန်ဆုံးခေတ်မီဖွံ့ဖြိုး တိုးတက်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက ကာဒီနယ်ချားလ်ဘို၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်နာယကကြီး ဘီးရှော့ ဂွန်နာစတော့ဆက်တို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ နှင့်စပ်လျဉ်းသည့် အမှာစကားပြောကြား ကြပြီး ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ နှင့် အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိတို့က ဓမ္မနှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို မိန့်ကြား ကြသည်။

အကြံပြုဆွေးနွေးဝိုင်းသို့ ဆရာ တော်၊ သံဃာတော်များ၊ ဘာသာပေါင်းစုံ မှ ဘာသာရေးခေါင်းဆောင်များ၊ ဒုတိယ သမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘာသာပေါင်းစုံမှ တာ ဝန်ရှိသူများ၊ နိုင်ငံ တကာသံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ကဏ္ဍအလိုက် ဆွေးနွေး

ယနေ့ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်းတွင် ဘာသာများအလိုက် အပြုသဘော ငြိမ်းချမ်းရေးကို ဖော် ဆောင်ခြင်းနှင့်ပတ်သက်၍ တင်ပြ ခြင်း၊ ပညာရေး၊ လူမျိုးစုများနှင့် လူနည်းစု များအားလုံးတွက် ညီမျှသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင် ရွက်မှု၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေး၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသ လက္ခဏာ၊ မတူကွဲပြားမှုများ၊ ဘုံစိန်ခေါ် မှုများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေး ကြပြီး လူငယ်များ၏ စကားသံများ ကြားနာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်း ချမ်းမေတ္တာ)အဖွဲ့၏ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို မေ ၇ ရက်မှ ၈ ရက်အထိ သင်္ဂဟဟို တယ်၌ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */