" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2019

ရခိုင်က စစ်ရှောင်တွေကို ကူညီရာမှာ ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့သာ ထောက်ပံ့ဖို့ ညွှန်ကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဥ်Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ တဲ့ အခါမှာ မသမာသူတွေလက်ထဲကို ထောက်ပံ့တဲ့ ပစ္စည်းတွေ မရောက်ရှိစေဖို့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြု ချက် မရှိဘဲ ဌာနဆိုင်ရာတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထောက်ပံ့တာတွေ မလုပ်ကြဖို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက မနေ့က အကြောင်းကြားစာ ထုတ်ပြန်လိုက်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း တဆင့်ပြန်လည် ထုတ်ပြန်တာဖြစ်တဲ့အကြောင်း ရခိုင်ပြည် နယ် ပညာရေးမှူး ဦးအောင်သန်းမြင့် က RFA ကို ဒီနေ့ ပြောပါတယ်။

ပြည်နယ်အစိုးရဘက်က အဲဒီညွှန်ကြားချက်ကို ဌာနဆိုင်ရာအသီးသီးကို ညွှန်ကြားတာလို့လည်း သိရပါ တယ်။

ရခိုင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ် သား စုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ ရခိုင်ပြည် နယ် အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရီမင်းဇင် ပေးပို့လိုက်တာပါ။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */