" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 28, 2019

ရသေ့တောင်တွင် ကလေးငယ် ၁ ဦး ဗုံးသီးထုခွဲရာ မှ ပေါက်ကွဲ သေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB 
ဒီဗွီဘီ
28 April 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ ဧပြီလ ၂၈ ရက်နေ့ မနက်က ကလေးငယ် ၃ ဦး ကျေး ရွာအနီးချောင်းကမ်းပါးမှာ တွေ့ရှိတဲ့ ဗုံးသီးတလုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲပြီး တဦး သေဆုံးခဲ့ တယ်လို့ ခရုချောင်းဆရာတော်က မိန့်ပါတယ်။

၁၄ နှစ်အရွယ် ယောကျ်ာလေးတဦး သေဆုံးပြီး ၈ နှစ်အရွယ် ယောကျ်ားလေးတဦးနဲ့ ၄ နှစ်အရွယ်မိန်းက ‌လေး တဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရသေ့တောင်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ခရုချောင်းဆရာတော်က “ဒီနေ့မနက် ၈ နာရီလောက်ကပါ။ ကလေးတွေကစားနေရာမှ ချောင်းကမ်းနားမှ ဗုံးသီး တလုံး ကောက်ရခဲ့ပြီး ထုခွဲကြည့်ရာမှ ဗုံးသီးပေါက်ကွဲသွားတာဖြစ်တယ်။ ညီကို ၂ ဦးမှာ အကြီးက သေတယ်။ ညီဖြစ်သူက ဒဏ်ရာရတယ်။ နောက် ၄ နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရကြတယ်။ ဒဏ်ရာရ သူတွေကို ရသေ့တောင်ဆေးရုံကို ယူဆောင် သွားပါတယ်။ သေဆုံးတဲ့ ကလေးကိုလည်း ဆေးရုံကို ယူ သွားရမှာပါ”လို့ မိန့်ကြားပါတယ်။

သေဆုံးသူ မှာ မောင်အောင်မျိုးဝင်း ၁၄ နှစ် ဖြစ်ပြီး ဒဏ်ရာရသူမှာ အောင်မျိုးနိုင် ၁၂ နှစ် နဲ့ ၄ နှစ်အရွယ် အမျိုး သမီးလေးတဦး ဖြစ်ကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်နေပြီး ရသေ့တောင်မြို့နယ်နဲ့ ဘူသီးတောင်မြို့နယ် ‌တွေရှိ ကျေးရွာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ လက်နက်ကြီးတွေ ရှိနေပြီး သက်ဆိုင်ရာကလည်း လာရောက်ရှင်းလင်းပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်တွင် ကလေးငယ် ၁ ဦး ဗုံးသီးထုခွဲရာမှ ပေါက်ကွဲ သေဆုံး၊ ၂ ဦးဒဏ်ရာရ

ဗညား
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */