Wednesday, April 10, 2019

မြောက်ဦးမြို့နယ်ရဲဖျားရွာမှ အရပ်ဆေးဆရာတစ်ဦး ကို စစ်တပ်က ဖမ်းခေါ်သွား

နိရဉ္စရာ 

နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရဲဖျားကျေးရွာမှ အရပ်ဆေးဆရာ တစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ် aဆာင်သွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ဆေးဆရာမှာ ဦးလှသိန်း (၄၁) ဖြစ်ကြောင်း သိရသည်။

ရဲဖျားကျေးရွာ အုပ်ချုပ်ရေးမှူးသို့ဆက်သွယ်ရာ သူက “ ဒီနေ့ မနက် ၅ နာရီလောက်က စစ်သားတွေ ရွာကို ဝိုင်းပါတယ်။ တပ်မ ၅၅ကပါ။ အင်အား တစ်ရာကျော်လောက် ပါမယ်ထင်ပါတယ်။ ပထမ ရွာသား လေး ဆယ် ငါးဆယ်လောက်ကို ဖမ်းပါတယ်။ မှတ်ပုံတင်တွေ စစ်ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပြန် လွတ်ပါတယ်။ ရွာမှာဆေးကုနေတဲ့ ဦးလှသိန်းဆိုတဲ့ ဆေးဆရာတစ်ဦးကိုတော့ ဖမ်းဆီး ခေါ်ဆောင် သွား ပါတယ်” ဟု ပြောကြားသည်။
စစ်တပ်က ရွာကို ဝိုင်းပြီး ရှာဖွေခြင်းမှာ ရက္ခိုင့်တပ်မတော် AA မှ ဒဏ်ရာရနေသည့် တပ်ဖွဲ့ဝင်များ ရဲဖျားရွာ တွင် ဆေးကုသနေကြောင်း သတင်းရ၍ ရွာတွင် လာရှာခြင်း ဖြစ်ကြောင်းသိရသည်ဟုဆိုသည်။

ရွာ လူကြီး တစ်ဦးက “ ကျွန်တော်တို့ရွာ အေအေကလူတွေ ဆေးကုသနေတယ်ဆိုပြီး သတင်းအရ လာရှာ တာပါ။ ကျွန်တော်တို့ရွာ ခုလိုမျိုး ဆေးကုလို့ မရှိပါဘူး။ သူတို့က နေဗီနဲ့လာပါတယ်။ နေဗီကို မြစ်ထဲမှာ ရပ်ပြီး စစ်သားတွေက ကုန်းပေါ်ကနေ ရွာကို လာဝိုင်းတာပါ။ အခု ညနေ ၄ နာရီမှာတော့ ရွာကနေ ပြန်ထွက် သွားပါပြီ” ဟု ပြောကြားသည်။

ဆေးဆရာ ဦးလှသိန်းမှာ စစ်အောင်ရွာမှ ရဲဖျားရွာတွင် အိမ်ထောင်ကျနေသည်မှာ လေးငါးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်း၏ ဇနီးမှာ ဒေါ်မှဲ့နီ ဖြစ်ကြောင်း သိရသည်။ ရဲဖျားရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး ကုလားတန်မြစ်ဘေး အရှေ့ဘက် ကမ်းခြေတွင် တည်ရှိသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */