" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 1, 2019

မြောက်ဦးမြို့နယ် ကားလမ်းဝဲယာတစ်လျှောက်ကျေး ရွာများမှ ရွာသား ၄၀၀ ကျော် ဝက်လှရွာတွင် ခိုလုံ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁ / ၂၀၁၉


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာတွင် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ် ရာ ရရှိပြီးနောက် အနီးအနားရှိ ကျေးရွာသားများသည် ကြောက်လန့်စိုးရိမ်ကာ ၎င်းတို့၏ နေအိမ်များမှ စွန့် ခွာ၍ ပိုမို လုံခြုံရာကျေးရွာများတွင် ထွက်ပြေး ခိုလုံနေကြသည်။

ထိုသို့ ထွက်ပြေးခိုလုံနေကြရာတွင် မြောက်ဦးမြို့နယ် သရီချောင်းရှိ ဝက်လှ ကျေးရွာတွင် လူပေါင်း ၄၃၉ ဦး ရောက်ရှိနေသည်ဟု ဝက်လှကျေးရွာမှ ပရဟိတ ဆောင်ရွက်နေသူ ဦးအေးကျော်က နိရဉ္စရာ သတင်းဌာန သို့ ဆက်သွယ်ပြောကြားသည်။

“ စုစုပေါင်း အိမ်ထောင်စုက ၁၃၅ စု၊ ကျား ၈၆ ဦးနဲ့ မ ၃၅၃ ဦး၊ စုစုပေါင်း ၄၃၉ ဖြစ်ပါတယ်။ အများစုကတော့ ကလေးတွေနဲ့ မိန်းမတွေ ဖြစ်ကြပါတယ်။ သူတို့ကတော့ မြောက်ဦးမြို့နဲ့ ကျောက်တော် မဟာမုနိဘုရား အကြား ကားလမ်း ဘေးဝဲယာတစ်လျှောက်မှာတည်ရှိတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်” ဟု ပြောကြား သည်။

ထွက်ပြေးလာကြသူများမှာ ရန်ကုန်-စစ်တွေကားလမ်း ဝဲယာ တစ်ဘက်တစ်ချက်ရှိ ကျေးရွာများ ဖြစ်ကြသည့် တိမ်ညို၊ လက္ကာ၊ ဗူးရွက်မညိုး၊ ပေါက်တောပြင်နှင့် အောက်သကန်ကျေးရွာများမှ ဖြစ်ကြသည်။

“ လူတွေက အောက်သားကန်မှာဖြစ်ပြီးတဲ့နောက် တော်တော်ကို စိုးရိမ်ထိတ်လန့်သွားကြတယ်။ ကားလမ်း တစ်လျှောက်မှာလည်း တပ်မတော် စစ်ကြောင်းတွေ ရှိနေပါတယ်။ ဒါကြောင့် အိမ်မပြန်ရဲဘဲ ဖြစ်နေကြပါ တယ်” ဟု ပြောကြားသည်။

မတ်လ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့် အရပ်သား ၂ ဦး သေဆုံးခဲ့ရသော အောက်သားကန်ရွာ ပစ် ခတ် မှုနှင့် ပတ်သက်ပြီး တပ်မတော် စစ်ကြောင်း တစ်ခုမှ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ရွာကို တမင်ဝင်ပစ် ခတ်သည်ဟု ကျေးရွာသားများက ပြောကြားထားသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးရုံးမှ ထုတ်ပြန် ချက်တွင် AA တပ် ဖွဲ့မှ ရွာအဝင်တွင် တပ်မတော် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်သည့် အပြင် ရွာထဲရှိ အိမ် များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပြန်လည် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် သိရှိနိုင်ရန် အစိုးရ အနေဖြင့် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများကို ရခိုင်ပြည်နယ်ထိ သွားရောက် ပြုလုပ်ရန် တိုက်တွန်း ပြောဆို ထားသည်။

(ဓာတ်ပုံ- ဝက်လှကျေးရွာတွင် ခိုလုံနေကြသူများ)

Ref: FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */