" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 24, 2019

အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးတွင် တူမီးသေ နတ်နှင့် လူတစ်ဦးဖမ်းဆီးခံရ

နိရဥၥရာ
နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်း တံတားအနီးတွင် လူတစ်ဦးအား တူမီးသေနတ်နှင့်အတူ လုံခြုံရေး လှုပ် ရှား ဆောင်ရွက်နေသော ကင်းအဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းမိသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ညီပု (ခ) စောဝင်းမောင် ဖြစ်ကြောင်း ကဇူးကိုင်းတွင် တာ ဝန်ကျနေသည့် ရဲအရာရှိ တစ်ဦးက ပြောသည်။


“ ဖမ်းမိတာ မှန်ပါတယ် ခင်ဗျား။ အခုသူ့ကို အမ်းမြို့နယ် ရဲစခန်းကို လွဲလိုက်ပြီ ဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက် နေ့ လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်မှာ အမ်း-စစ်တွေ ကားလမ်း ၂၃ မိုင် ၃/၄ ဖာလုံအကြားမှာ ဆိုင်ကယ်စီး လာစဉ် ရပ်တန့် စစ်ဆေးရာက ဖမ်းမိတာပါ။ သူက သစ်သမားတစ်ယောက်ပါ” ဟု ၎င်းရဲအရာရှိက ပြော ကြားသည်။

စစ်ဆေးတွေ့ရှိချက်အရ ၎င်းတူမီးအား ကျပ် ၅၀၀၀၀ ဖြင့် မုဆိုးတစ်ဦးထံမှ ဝယ်ယူထားသည်ဟု သိရှိရ ကြောင်း၊ တောထဲ သစ်ထုတ်ရာတွင် မျောက်၊ တောဝက်စသည်တို့ကို ပစ်ရန် ဝယ်ယူထားသည်ဟု ထွက် ဆိုကြောင်း ၎င်းက ပြောကြားသည်။

“ သူက အဲဒီ တူးမီကို ဆိုင်ကယ် ပေါ်မှာ အစိမ်းရောင် ပိနံအိတ်နဲ့ ပတ်ထုတ်ပြီး ယူလာတာပါ။ လုံခြုံရေး လှုပ်ရှား ကင်းအဖွဲ့က ဖမ်းမိတာပါ။ တူမီးသေနတ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ ဓားမတစ်လက်၊ သစ်စာရင်း တွက်ထားသော စာအုပ်တွေလည်း ဖမ်းဆီးရမိပါတယ်” ဟု ပြောကြားသည်။

(ဓာတ်ပုံ- အမိမြေပို့စ်)
လင့်၊--

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */