" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်သင်တန်းဆင်းပွဲ မတက်

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ဧပြီလ ၆ ရက်
 

                      တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သင်တန်းဆင်းပွဲ မတက်

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း၊ အမှတ်စဉ် ၁၂၂၊ သူရတပ်ခွဲ့သင် တန်းဆင်းပွဲကို ဧပြီလ ၅ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် မတက်ရောက်ဘဲ သူ့ကိုယ်စား ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကသာ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အရာတွေရဲ့ ဗိုလ်လောင်း သင်တန်းဆင်းပွဲတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရမှာ ဖြစ်ပေမယ့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ကိုယ်စားတက်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန် ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တွေကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ပဲ တက်တယ် ဆို တဲ့ သတ်မှတ်ချက်မျိုး မရှိပေမယ့် အစဉ်အလာအရတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကပဲ တက်လေ့ ရှိ တယ်လို့ သူက ရှင်းပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၇၄ နှစ်ပြည့် တပ်မတော်နေ့ အခမ်း အနားမှာလည်း ဒူးနာနေလို့ မတက်ရောက်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံကို 'အလိုရှိသည်' စာတမ်းထိုးပြီး AI လှုံ့ဆော်





မြန်မာစစ်တပ် က နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခဲ့တဲ့ အထောက်အထားတွေ စုဆောင်းတော့မယ်

အိုင်စီစီတင်ဖို့ ဖြစ်နိုင်ခြေရှိသလား

သင်တန်းဆင်းပွဲမကျင်းပမီ ဧပြီလ ၄ရက်နေ့ မွန်းလွဲပိုင်းတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲကို လက်ခံတွေ့ဆုံခဲ့ပါ သေးတယ်။


လင့်၊https://www.bbc.com/burmese/burma-47837222?ocid=socialflow_facebook&fbclid=IwAR3Dz6hnZ0To9uMqQ6AesGZk1rSu-qpXgwMZhApb6uURWmS88vNc2QWg7bs

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */