မြန်မာဌာန | သတင်းများ
2019-04-07
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကို
တွေ့ရစဉ်
Photo: Munir UZ ZAMAN / AFP
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ် ယူရေး အတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဗြိတိန်အပါအဝင် နိုင်ငံ တကာကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ဓနသဟာယနဲ့ နိုင်ငံခြားရေးရာရုံးမှာ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Mark Field နဲ့ တွေ့ဆုံ ရာမှာ ပြောဆိုခဲ့တာပါ။
ဒုက္ခသည်တွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်အကိုင်ကလည်းမရှိ၊ မူလနေရပ်ပြန်ဖို့ကလည်း မရေရာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ ဒုက္ခသည်အရေအတွက်က ဌာနေနိုင်ငံသားတွေထက် ပိုများနေ တာက ကြီးမားတဲ့ ပြဿနာဖြစ်နေကြောင်း၊ မိုးရာသီရောက်ပြီဖြစ်လို့ အခြေအနေပိုဆိုးလာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးကလည်း ဒုက္ခသည်တစ်သန်းကျော်ကို လက်ခံထားရတာဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန် ပိုးဖြစ် ကြောင်း။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို သိလိုကြောင်း ပြောပါတယ်။
Link: Here

No comments:
Post a Comment