" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 29, 2019

မယူကမ်း ဒုံးပိုက်ကျေးရွာ၌ ဖွင့်လှစ်သော ကွန်ပျူတာ နှင့်အင်္ဂလိပ်စာသင်တန်း လူငယ် ၁၀၀ ခန့်တက် ရောက်သင်ကြား

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၈/ ၂၀၁၉
မေယုအားမာန်ပရဟိတအသင်းမှ ရသေ့တောင်မြို့နယ်၊ မယူကမ်း ဒုံးပိုက်ကျေးရွာတွင် အခမဲ့ ဖွင့်လှစ်သော အခြေခံ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်တန်းသို့ သင်တန်းသူ သင်တန်းသား ၁၀၀ ခန့် တက်ရောက် သင် ကြားနေကြသည်ဟု သတင်းရရှိသည်။

သင်တန်းသား ၁၀၀ ခန့်မှာ ရသေ့တောင်မြို့နယ်၊ မောင်ဖြူ၊ မောင်နီပြင်၊ နှင်းဆီးကုန်း၊ သစ်ကတိုး၊ ကျုံးပြင်၊ လောင်းချောင်း၊ ကုလားချောင်း၊ အငူမော်၊ ကုန်တန်း၊ ပေါက်တောပြင်၊ ဆင်ပိုက်၊ အောင်ဗလ၊ ဒုံးပိုက်၊ ချိန် ခါလိန်၊ ကိုးတန်ကောက်ကျွေးရွာတို့မှ ဖြစ်ကြသည်ဟု ဆရာတော် အရှင်ဝိဇယာ လင်္ကာရက ပြောသည်။

“ အဓိကတော့ ကိုယ့်ဒေသက လူငယ်တွေ ခေတ်မီ ပညာရပ်တွေတက်မြောက်စေချင်တာပေါ့။ ဒီလိုတတ်မြောက် ပါမှ ဒေသအကျိုးကို ထိထိရောက်ရောက်သယ်ပိုး ဆောင်ရွက်နိုင်မှာလေ။ ဒီလို ရည်ရွယ်ချက်တွေ နဲ့ ဒီသတင်းကို အခမဲ့ ဖွင့်လှစ်သင်ကြားရတာပါ” ဟု ဆရာတော် အရှင်ဝိဇယာ လင်္ကာရက ပြော ဆိုသည်။

သင်တန်းကို ဧပြီလ ၂၅ ရက်နေ့ ဖွင့်လှစ်ရာ သင်တန်းကို သက်တော်ရှည် ဒုံးပိုက်ဆရာတော်ကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သင်တန်းကာလမှာ ဧပြီလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ဖြစ်ပြီး ၃၈ ရက်ကြာမြှင့်မည် ဖြစ်ကြောင်း၊ ကွန်ပျူတာဆရာ ကိုမျိုးမြတ်ဖြိုး(စစ်တွေ)နှင့် ဆရာမ မမြအေးတို့မှ တာဝန်ယူသင်ပေးကြကြောင်း သိရသည်။

မေယုအားမာန်ပရဟိတအသင်းကို ဒေသကောင်းကျိုး အစဉ်သယ်ပိုးရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်၊ ထိုင်း၊ မလေးရှား၊ တရုတ် စသည့်နေရာများသို့ ရောက်ရှိနေကြသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ စိတ်ဝင်စားသူဖြင့် ရန်ကုန်အခြေစိုက် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်း ခဲ့သည့် လူမှုရေးပရဟိတအဖွဲ့တစ်ခု ဖြစ်သည်။

ယခု သင်တန်းတွင် ကွန်ပျူတာ ၁၂ လုံးဖြင့် သင်ကြားပြသပေးနေပြီး အစိုးရမီးမရှိ၍ မီးစက်နိုးပြီး သင်ကြား ပြနေခြင်း ဖြစ်ပြီး တစ်ရက်မှာ ၅ ဂါလံလောက် ကုန်ကျကြောင်း ဆရာတေ်ာက မိန့်ကြားသည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */