Tuesday, March 26, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၂ ခု သွားရောက်တွေ့ဆုံ

Frontier
MYANMAR
Saturday, March 23, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တာ ဝန်ရှိသူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ် ၂၂ ရက်နေ့ တွင်   သွားရောက် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ဓာတ်ပုံ-Supply

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တာ ဝန်ရှိသူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ် ၂၂ ရက်နေ့တွင် သွားရောက် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံမှုမှာ နိုင်ငံအရေး၊ အမျိုးသားရေးအရ တွေ့ဆုံခြင်းဖြစ်သည်ဟု နေပြည်တော်ရှိဘုရင့်နောင်ရိပ် သာ ဧည့်ခန်းမဆောင်၌ ၎င်းတို့အား လက်ခံ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ သည်ဟုလည်း ဖော်ပြထားသည်။

“တပ်မတော် အနေဖြင့် နိုင်ငံရေးအရတွေ့ဆုံခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားရေးအရ တွေ့ဆုံခြင်း ဖြစ်ကြောင်း” ၎င်းကပြောကြားခဲ့သည်။

“ပါတီအသီးသီးတို့သည် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ တောင်သူလယ်သမားရေး အရ၊ အလုပ်သ မားရေးအရ၊ ဒေသအရေးအရ မည်သို့ပင်အယူအဆရှိကြသည်ဖြစ်စေ နိုင်ငံ့ အကျိုးအတွက်ဆောင်ရွက် နေခြင်းဖြစ်သ ဖြင့် နိုင်ငံရေးပါတီများအားလုံးကို လေးစားပါကြောင်း၊ အလေးလည်းထားပါကြောင်း၊ သ ဘောထားတိုက်ဆိုင်မှုများရှိသကဲ့သို့ သဘောထားမတိုက်ဆိုင်မှုများ ရှိသော်လည်း မိမိတို့အားလုံး တိုင်း ပြည်ကောင်းမွန် တိုးတက်ရေးအတွက် တူညီသည့် ဘုံရည်မှန်းချက် ထားပြီး ဆောင်ရွက်လျှင် အကောင်း ဆုံးဖြစ်သည်” ဟုလည်း ၎င်းကပြောကြားသည်။

တပ်မတော်၏ တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးက အရေး အ ကြီးဆုံးဖြစ်သည့်အပြင် မြေပေါ်မြေအောက်သယံဇာတများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်သည်ဟုလည်း ၎င်းက ပါတီတာဝန်ရှိသူများကို ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများ အနေဖြင့် လည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က တိုက်တွန်းခဲ့သည်။

“လက်နက်ကိုင် ပဋိပက္ခများမရှိမှသာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့်တစ်ဦးနှင့်တစ်ဦး အမုန်းတရားဖြစ်စေမည့် အရာများကိုလည်း ရှောင်ရှားကြရန် လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင် စိတ်ရှည်သည်း ခံစွာဖြင့် အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီးလည်း ပြင်သင့်ပြင်ထိုက်သည့် အချိန်မှသာ ပြင်ဆင် သင့်သည်ဟု ၎င်းက ပြောကြားသည်။

“တပ်မတော်အနေဖြင့် အခြေခံ ဥပဒေပြင်ဆင်ခြင်းကို သဘောတူကြောင်း၊ သို့သော်သတ်မှတ် ပြဋ္ဌာန်းထား သည့်အတိုင်းသာ ပြင်ဆင်ရန်လိုကြောင်း” ၎င်းကပြောသည်။

တပ်မတော်အနေဖြင့် နိုင်ငံကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုလည်း ထမ်းဆောင် လျက်ရှိပြီး နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးအတွက် ဦးဆောင်မှုပြုဆောင်ရွက်ကြစေလိုပြီး တပ်မတော် အနေဖြင့် နိုင်ငံ့အရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သွားရောက် တွေ့ဆုံကြသည့် နိုင်ငံရေးပါတီ တာဝန်ရှိသူများ

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းထွန်း

အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်

အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ

ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်

အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိမ်းကြည်

ဝံသာနုဒီမိုကရက်တစ်ပါတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောမြတ်ထွဋ်ဝင်း

ကရင်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောဂျူဗလီစံလှ

လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း(ခ) ဆီဖာလာလူ

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ် ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း(ခ) ဦးဇမ်ကျင်ပေါ်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

‘ဝ’ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးရန်ကျော်

‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တွဲဖက်အတွင်းရေးမှူး ဦးခွန်ထွန်းရွှေ

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်

မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်

ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်း

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး

ဗမာပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်မေမေကြည်

၈၈ မျိုးဆက် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစိုးမြင့်

ခေတ်သစ်ပြည်ထောင်စုပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်အေးအေးရွှင်

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှိုင်ဖြိုး

မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်

စေ့စပ်ညှိနှိုင်းရေးနှင့်တည်ငြိမ်အေးချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်သိန်း

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */