By ဒီဗွီဘီ
25 March 2019
ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အေအေလက်နက်ကိုင်အဖွဲ့ အသုံးပြုနေတဲ့ လက်နက်ခဲ ယမ်းတွေဟာ အား လုံးနီးပါးအသစ်တွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံက ထုတ်တာဖြစ်တယ်လို့ တပ်တော်က ပြောကြား လိုက် ပါ တယ်။
ဒီကနေ့ မတ်လ ၂၅ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော် မတီက မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းရာမှာ ပြောသွားတာပါ။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကို စစ်ဆေးကြည့်တာမှာ အိမ်နီးချင်းနိုင်ငံက ထုတ်တဲ့ လက်နက်တွေဆို တာ သိရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီဝင် ဗိုလ်မှူးချုပ် ဇော်လင်းထွန်းကပြော ပါ တယ်။
အေအေလက်နက်ကိုင်တွေအနေနဲ့ အခုနောက်ပိုင်းမှာ အရပ်သားပုံစံမျိုး ဝတ်စားပြီး တိုက်ခိုက်တာတွေ လုပ်လာသလို ကျေးရွာတွေအနီးမှာလည်း တိုက်ခိုက်တာတွေ လုပ်လာတယ်လို့ လည်း ပြောပါတယ်။
ဒါ့အပြင် အေအေ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ်ပဲ တပ်မတော်က သတ်မှတ် ထား တယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လေးလကြာ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေတွေ၊ ငြိမ်းချမ်း ရေးဆောင်ရွက်ချက်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက် ပြီးလည်း တပ်မတော် တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားသွားပါတယ်။
အေအေအဖွဲ့က ဗိုလ်မှူးကြီးကျော်ဟန်ကတော့တပ်မတော်အနေနဲ့ လက်နက်ကြီးငယ်တွေနဲ့ အရပ်သား ပြည်သူတွေကို မပစ်ဖို့ တင်ပြခဲ့သလို မြောက်ဦးမြို့ထဲမှာ တိုက်ပွဲဖော်တာမရှိဘူးလို့ မတ်လ ၂၁ ရက်က နေပြည်တော်မှာ မီဒီယာတွေကို ပြောကြားထားပါတယ်။
Link : Here
No comments:
Post a Comment