" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 8, 2019

ကွတ်ခိုင်မြို့နယ်တွင်း KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ ဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုမိုးဇော် ၊07 မတ်၊ 2019

ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အ ကြားမှာ ဗုဒ္ဓဟူးနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းမှာ တိုက်ပွဲတစ်ကြိမ်ဖြစ် ပွားခဲ့ ပါ တယ်။ KIA ဘက်ကတော့ တပ်မတော်က အပစ်ရပ်ပြီးနောက် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ် တယ်လို့ ပြောဆိုပေမယ့် တပ်မတော်ဘက်ကတော့ အတည်ပြုတာမရှိသေးပါဘူး။ ရှမ်းမြောက်ဒေသ တိုက် ပွဲအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါ တယ်။
                                                                    


အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIAအကြားမှာ ၂၀၁၈ခုနှစ် နှစ်လည်ပိုင်း နောက်မှာ တိုက်ပွဲ တွ ငြိမ်သက်နေခဲ့ရာက ဒီလထဲမှာ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာပါ။လက်ရှိ တိုက် ပွဲဖြစ်ပွားတဲ့အခြေအနေကို KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာကတော့ ရှမ်းမြောက်ဖက်မှာ ကျနော်တို့ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေမှာ တိုက်ပွဲ ခဏဖြစ်တယ်ဆိုတဲ့သတင်း တက်ပါတယ်။ ကွတ်ခိုင်နဲ့ လားရှိုး မြို့နယ် အစပ်လောက်မှာ ကျ မှာ။ သူတို့ ပြောတဲ့အတိုင်းကတော့ ဒီ တပ်ရင်း ၈ ရှိတဲ့နေရာဖက်မှာ တပ်မတော် စစ်ကြောင်းတွေ ထိုးဝင်လာလို့ ခုခံ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။”

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကို သတင်းမရသေးဘူးလို့လည်း ဆိုပါတယ်။တပ်မတော် က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ၄လတာ ရပ်စဲကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဒီလို ကြေညာပြီးနောက်မှာ ရှမ်းမြောက်ဒေသမှာ KIA နဲ့ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ KIA နဲ့ တိုက်ပွဲဖြစ်တာကတော့ ၂ကြိမ်ဖြစ်မယ်ထင်တယ်။ ဟိုလွန်ခဲ့တဲ့ အပတ်မှာလည်း KIA တပ်ရင်း ၉နယ်မြေဘက်မှာ တစ်ခေါက်ဖြစ်တယ်။ တခါဖြစ်ပါတယ်။ အခု တပ်ရင်း ၈ဖက်မှာလည်း တစ်ခါဖြစ်တယ် ဆိုတော့နှစ်ခေါက်ဖြစ်တယ်လို့ ကျနော် အဲလိုပဲ မှတ်ယူပါတယ်။ တခြား ကချင်ပြည်နယ်ဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ ”

ကွတ်ခိုင်မြို့နယ် အတွင်း ဒီလ ၅ရက်နေ့က ကြံခုတ်လုပ်သား ၇၀ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီသတင်းကို အောက်ခြေက တင်ပြလာတာ မရှိကြောင်း ပြောပါတယ်။

ဒီလ ၆ရက်နေ့မှာပဲ ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲအတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့အကြားမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၁၉ ခုနှစ်အတွင်းမှာ တိုက်ပွဲ ၅ကြိမ်ဖြစ် ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့သတင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းဖို့ ကြိုးစားရာမှာ တယ်လီဖုန်း လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ဒီရက်ပိုင်းတွေ အတွင်းမှာတော့ မြေမြုပ်မိုင်းနဲ့ ဗုံး ပေါက်ကွဲတာကြောင့် အနည်းဆုံးအရပ်သား ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလ ၅ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝိန်းကျေးရွာမှာ စစ်ကျန် ဗုံးတစ်လုံးကို တွေ့ ရှိဆော့ကစားရာက ပေါက်ကွဲပြီး ကလေး ၆ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒီလို ပေါက်ကွဲတာနဲ့ပတ်သက်ပြီးမန်ဝိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလနူးက အခုလိုပြောပါတယ်။ေေ“ ဗုံးအ ဟောင်း လို့ ပြောတာပဲ။ အဲဒါကောက်ပြီး ကလေးတွေ ဆော့ရင်းနဲ့ မြှောက်ပြီး ဖမ်းတဲ့အချိန်မှာ မမိဘဲနဲ့ ဖြစ် သွားတာ အောက်ကျရင်းနဲ့ ဗုံးပေါက်သွားတာ။ ၆ယောက်ပါ။ ၇နှစ်က ၁၆နှစ်အရွယ်တွေအားလုံးက။ ကလေး အငယ်ဆုံးတစ်ယောက်က ဗိုက်မှာ နည်းနည်းထိတယ်။ ပေါင်မှာလည်း ထိတယ်။ မျက်စိမှာလည်း နည်းနည်း ထိတယ်။ ဗိုက်မှာ နည်းနည်းထိတဲ့ဟာက လားရှိုးစစ်ဆေးရုံကို သွားလိုက်ပြီ။ ”

ဗုံးပေါက်ပြီး ထိခိုက်တဲ့ ကလေး ၄ယောက်ကို နမ့်ခမ်းဆေးရုံးကို ပို့ပြီး တစ်ယောက်ကတော့ လားရှိုးကို ပို့ခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။

ဒီလ ၂ရက်နေ့ကလည်း မိုးကောင်းမြို့နယ် ဆွတ်မိုင်ယန်ရွာက အမျိုးသမီးတစ်ဦး၊ ၃ရက်နေ့ မှာ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် အမျိုးသားတစ်ယောက် တို့ဟာ တောတွင်း ကို ကြိမ်ခုတ်၊ ဆေးမြစ်ရှာသွားစဉ် မြေမြုပ် မိုင်းနင်း မိတာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီမိုင်းတွေကို KIA က ထောင်ထားတာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */