SBS
17 Feb 2019
၂ မိနစ်သာ ရှိတဲ့ ဗီဒီယိုကို ဘာသာစကား ၁၅ ခုနဲ့ ဘာသာပြန်ပြီး နိုင်ငံ ၁၀ ခုမှာ ပြသမှာ ဖြစ်ပါတယ်။ ၁၀ နိုင်ငံကတော့ ခိုလှုံခွင့် တောင်းလိုသူတွေ အလာများတဲ့ နိုင်ငံတွေဖြစ်ကြပြီး ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ် ကနေတဆင့် လှေနဲ့ ဝင်လာနေကြလို့ မြန်မာ - ဘင်္ဂလားဒေ့ရှ်တို့ကိုလည်း ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံထဲကို တရားမဝင် လှေတွေနဲ့ ဝင်လာမယ်ဆိုရင် ခင်ဗျားတို့ အောင်မြင်မှာ မဟုတ်လို့ အမှားမခံကြပါနဲ့ ဆိုပြီး ဝန်ကြီးချုပ်က ဗီဒီယိုမှာ ပြောဆိုထားပါတယ်။ မအောင်မြင်မယ့်အတူတူ ငွေတွေ အကုန်ခံတာတွေ၊ အသက်ဘေး ကျရောက်အောင်နဲ့ တခြားလူရဲ့ အသက်ဘေး ကျရောက်စေတာမျိုး မလုပ်နဲ့ ဆိုတဲ့သဘောမျိုးနဲ့လည်း ပြောဆိုထားပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ အခုလို ပြောခါမှ လူတွေကို တမျိုးထင်ယောင်ထင်မှား ဖြစ်စေနိုင်ပြီး လူကုန်ကူးသူတွေ ကို သြစတြေးလျထဲ လာဖို့ တွန်းအားပေးရာရောက်သလို သြစတြေးလျနိုင်ငံရဲ့ နယ်စပ်ဟာ လုံခြုံမှု နည်းလာ ပြီလို့ ပြောဆိုရာ ရောက်တယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။
လေဘာပါတီက Penny Wong ကတော့ ဝန်ကြီးချုပ် Scott Morrison ရဲ့ ပြသာနာကတော့ ဒီတပတ်မှာ တမျိုးပြောပြီး နောက်တပတ်မှာ တမျိုးပြောဆိုခြင်းပဲ ဖြစ်တယ်ဆိုပြီး ဒီကနေ့မှာပဲ အက်ဒလိတ်မြို့မှာ သ တင်းထောက်တွေနဲ့တွေ့တုန်း ပြောဆိုလိုက်ပါတယ်။
လူတွေက ဘယ်နိုင်ငံရေးသမားက အစစ်အမှန်ဖြစ်ပြီး ဘယ်သူက မဟုတ်ဘူးလည်းဆိုတာကို လူတွေက သိကြတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
လေဘာပါတီက ပြည်ပနိုင်ငံမှာရှိတဲ့ သြစတြေးလျပိုင် လူဝင်မှု ထိန်းသိမ်းရေးစခန်းက လူတွေ နေမကောင်း ဖြစ်တဲ့အခါ ဆရာဝန်တွေမှာ ပိုမို ဆုံးဖြတ်ပိုင်ခွင့်ရဖို့ အဆိုကို လွှတ်တော်မှာ ထောက်ခံမှုလုပ်လိုက်ပါတယ်။
အဲဒါကို ဝန်ကြီးချုပ်က လေဘာပါတီအနေနဲ့ သြစတြေးလျရဲ့ နယ်စပ်ကာကွယ်ရေးကို ပျော့အောင်ပြု လုပ် တာ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
အစိုးရရဲ့ ညွှန့်ပေါင်းပါတီကတော့ နယ်စပ်လုံခြုံရေး တောင့်တင်းခိုင်မာရေးကိုသာ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။
လွှတ်တော် အတည်ပြုချက်အရ နဂိုရှိပြီးသား ခိုလှုံခွင့်တောင်းလိုသူတွေ နာမကျန်း ဖြစ်တဲ့အခါ သြစတြေး လျနိုင်ငံထဲ ခေါ်ယူ ကုသသင့်မသင့် ဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်မှာဖြစ်ပြီး အသစ် ထပ်မံရောက် ရှိလာမယ့် လှေတွေအတွက်တော့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။
အစိုးရကတော့ Christmas ကျွန်းပေါ်က လူဝင်မှု ထိန်းသိမ်းရေးစခန်းကို ပြန်လည် ဖွင့်လှစ်မယ်လို့လည်း ပြောဆိုခဲ့ပြီး အဲဒီအတွက် ဒေါ်လာ ၁.၄ ဘီလီယံလောက် ကုန်ကျမှာ ဖြစ်သလို Manus နဲ့ Nauru နိုင်ငံက ခိုလှုံခွင့် တောင်းလိုသူတွေ နာမကျန်းဖြစ်လို့ သြစတြေးလျနိုင်ငံမှာ ဆေးကုသမှု ခံယူသင့်တယ်လို့ ဆရာဝန် တွေက ဆုံးဖြတ်ရင်လည်း ကုန်ကျခံပေးရမှာဖြစ်လို့ ပိုပြီး စရိတ်ကြီးမားမှာ ဖြစ်ပါတယ်။

SOURCE AAP - SBS
Link : Here

No comments:
Post a Comment