Sunday, January 13, 2019

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေး ရွာအနီးတိုက်ပွဲဖြစ်ပွားသဖြင့် အလယ်ချောင်းခမီရွာသား ၂၀၀ ကျော်ထွက်ပြေး

နိရဉ္စရာ
၂၀၁၉ ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ အလယ်ချောင်း ခမီရွာသစ် အနီး ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၈ နာရီမှ စပြီး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ရွာသား ၂၀၀ ကျော်သည် အဝတ်တစ် ထည် ကိုယ်တစ်ခုဖြင့် သရက်ပြင်ကျေးရွာသို့ ထွက်ပြေးရောက်ရှိလာသည်ဟု သတင်းရရှိသည်။

သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလိူင်က “ အခုဘဲ ထွက်ပြေးလာကြတယ်။ ကျား ၁၄၃ ၊ မ ၁၂၀ ၊ စုစုပေါင်း ၂၆၃ ဦး ဖြစ်ပါတယ်။ အခု သရက်ပြင်ဘုန်းတော်ကြီးကျောင်းကို ရောက်နေပါတယ်” ဟု ပြောသည်။

ထွက်ပြေးလာသူများမှာ လမ်းတွင် ကျန်ရှိနေသေးကြောင်း၊ သူတို့အတွက် လတ်တလောတွင် ဆန်နှင့် ရိ က္ခာခြောက်များ လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

“ ဒီနေ့ နံနက် ၈ နာရီက တိုက်ပွဲ စဖြစ်ပါတယ်။ ရွာနားမှာ ဖြစ်တယ်ဆိုတော့ တစ်ရွာလုံးကြောက်ပြီး အဝတ် တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာပါ။ ကျွန်တော်တို့ ရွာကလည်း လက်နက်ကြီး လက်နက်ငယ် သံတွေကို ကြားရပါတယ်။ အခုထက်ထိ လက်နက်ကြီးသံတွေကြားနေရပါတယ်” ဟု ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ဆက်သွယ် မေးမြန်းစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများမှာ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့ နယ် အကြားတွက် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ သည် ဟု ဒေသခံများက ပြောကြားသည်။ 

(ဓာတ်ပုံ- ယနေ့ နံနက်က ထွက်ပြေးလာကြသည့် အလယ်ချောင်း ခမီရွာသစ်မှ ကျေးရွာသားများ)
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */