" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 19, 2019

ဒုက္ခသည်တွေပြန်လာရေးဦးစားပေးဖို့ ကုလ အတွင်းရေးမှူးချုပ်တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၁၉ ခုနှစ်ရဲ့ ဦးစားပေးအစီအစဉ်တွေအကြောင်း သတင်းထောက်များကို ပြောကြားစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရရဲ့ လုပ် ဆောင်မှုတွေ နှေးကွေး နေတဲ့အပေါ် သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဝေဖန်လိုက်ပြီး အဲဒီလို ဖြစ်နေတာဟာ အင်မတန် စိတ် ပျက်စရာ ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ “မြေပြင်အခြေအနေတွေဟာ ဒုက္ခသည်တွေ ပြန် လာဖို့အတွက် တကယ် မဖြစ်နိုင်သေးပါဘူး။ ပြဿနာရဲ့ ဇစ် မြစ်ကို မဖြေရှင်းနိုင်ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့အကြမ်း ဖက်မှုတွေ ထပ်မံ ဖြစ်ပေါ်လေ့ ရှိတတ်တာ ပါပဲ။ မြန်မာနိုင်ငံမှာ အဲဒီလို ဖြစ်နေ တာ ကို ကျနော်တို့ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ကျနော် အတော်လေး စိတ်ပျက်မိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ပြည်သူတွေ ဒုက္ခဆင်းရဲ ဖြစ်နေကြပြီး အထူးသဖြင့်တော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခ သည် စခန်းတွေမှာ ရှိနေကြတဲ့သူတွေဟာ အင်မတန်ကို ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေ ကြရတာပါ။ ဒါကြောင့် ဒုက္ခသည်တွေ သူတို့ဆန္ဒ အလျောက် ပြန်လာလိုစိတ်ရှိမယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။”

တဘက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာရေးအတွက် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေး သူတွေရဲ့ ပြဿနာကို အရင် ဖြေရှင်းပေးတာဟာ ပထမ ဦးစားပေး လုပ်ဆောင်သင့်တဲ့ အချက်ဖြစ် ကြောင်း လည်း အတွင်းရေးမှူးချုပ် Guterres က ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွက် သူလုပ်ဆောင်မယ့် ဦးစားပေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက် တဦးရဲ့ အမေးကို အတွင်းရေးမှူးချုပ် Guterres က ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အခုလနှောင်းပိုင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒုက္ခသည်တွေအရေး နဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လုံခြုံရေး ကောင်စီမှာ တင်ပြဖို့ ရှိတယ်လို့ ကုလသမဂ္ဂ မှာရှိတဲ့ သံတမန် အသိုင်း အဝိုင်းက ပြောတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့က AA ရခိုင့်တပ်မတော်က နယ်စပ်လုံခြုံရေး ရဲကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစိုးရတပ်ဖွဲ့တွေနဲ့ AA အကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကိုလည်း ရက်ရွေ့ဆိုင်းလိုက်ရပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */