နိရဉ္စရာ၊
ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာအနီးတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၇ နာရီမှ ၁၀ နာရီထိ ၃ နာရီကြာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု သတင်းရရှိသည်။
“ တိုက်ပွဲဖြစ်တာက လက်ရှိ စည်တောင်ရွာသချိုၤင်းနဲ့ မင်းဖောက်ချောင်းကြားမှာ ဖြစ်ပွားပါတယ်။ ရွာကနေ ၆ ဖာလုံအကွာလောက်မှာ အဲဒီနေရာတည်ရှိပါတယ်။ ညနေ ၇ နာရီက စဖြစ်တာ ၁၀ နာရီလောက်မှ သေ နတ်သံစဲသွားပါတယ်” ဟု စည်တောင်ကျေးရွာလူကြီး တစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း ရွာသားများအနေဖြင့် ရွာထဲရှိ တောင်ကြောတွင် ကပ်ပြီး ခိုအောင်းနေခဲ့ကြသည်ဟု ဆိုသည်
“ တိုက်ပွဲကပြင်းပါတယ်။ ညဉ့် ၁၀ နာရီထိ အကြီးအကျယ် ပစ်ကြပါတယ်။ ရွာသားတွေက နီးစပ်ရာ ရွာလယ် က တောင်ကြော တောင်ဘက်ကို ပါးပြီးမှ နေကြပါတယ်။ အခုက ရွာကနေ ကြောက်ပြီး ထွက်ပြေးသွား သူ တွေ တချို့လည်းရှိတယ်လို့ကြားရတယ်။ အများစုကတော့ ရွာမှာ ရှိနေကြပါတယ်။ ဘယ်ကိုမှထွက် မပြေး ကြပါ” ဟု ပြောကြားသည်။
တိုက်ပွဲများ နေ့စဉ်လိုလို ၎င်းပတ်ဝန်းကျင် အနီးတဝိုက်တွင် ဖြစ်ပွားနေ၍ ဒေသအတွင်းမှ ပြည်သူများ အနေ ဖြင့် အခြေအနေပိုမို ဆိုးရွားလာမည်ကို စိုးရိမ်နေကြသည်ဟုလည်း ၎င်းက ပြောကြားသည်။

Link : Here
No comments:
Post a Comment