" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 9, 2019

မောင်တောမြို့နယ်မှအပ ကျန်နေရာများ အပစ်ရပ် စဲရေးကြေညာ သင့်ဟု AA ပြော

7 Day
By.အောင်ဇော်ထွန်း ရန်ကုန်
Issue No. No. 2030,
Thursday, January 10, 2019
                               AA က ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − အောင်ဇော်ထွန်း) 
 
 
ရခိုင်ပြည်နယ်မောင် တောမြို့နယ်မှအပ ကျန်ဒေသ များကို တပ်မတော်ဘက်ကအပစ် အခတ်ရပ် စဲရေးကြေညာ သင့် ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောသည်။
တပ်မတော်က တိုင်းစစ်ဌာန ချုပ်နယ်မြေငါးခုတွင် စစ်ရေးလှုပ် ရှားမှုအားလုံး ရပ်ဆိုင်းမည်ဟု ဒီဇင်ဘာ ၂၁ ရက်ထုတ်ပြန်ရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေမပါဝင်ခြင်းက တစ်ဖက် တွင် ရပ်တန့်ပြီးတစ် ဖက် ကို ချေ မှုန်းမည်ဆိုသည့် သဘောမျိုးဖြစ် နေကြောင်း ၎င်းကဆိုသည်။

‘‘ငြိမ်းချမ်းရေးကို လုပ် ဆောင်မယ်ဆိုလို့ရှိရင် တစ်တိုင်း ပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ် စဲရေးကို သူတို့ ဘက်က ကြေညာကိုကြေညာရ မယ်။ ကြေညာလို့လည်းရတယ်။ ဒါပေမဲ့ သူတို့အကြောင်းပြတာက အကြမ်းဖက်အန္တရာယ်ရှိနေလို့ ရခိုင်ပြည်နယ်ကို ချန်ထားခဲ့ပါ မယ်လို့ပြောတယ်။ ဒါကလက်ခံ နိုင်စ ရာမရှိဘူး။ တကယ်တမ်း ဆန္ဒရှိမယ်ဆိုရင် မောင်တောမြို့ နယ်ကလွဲပြီးတော့ ကျန်တဲ့နေရာ တွေအားလုံးကို သူတို့ကြေညာလို့ ရတာပဲ’’ ဟု ခိုင်သုခကဇန်နဝါရီ ၇ ရက်တွင်ပြောသည်။

AA နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ ၂၀၁၈ ဇူလိုင်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၌တွေ့ဆုံပြီး လှုပ် ရှားမှု နယ်မြေရ ရှိရေးပူးပေါင်း ဆောင်ရွက်နေကြောင်း ရင်းမြစ် နှစ်ခုထံမှ သတင်းရရှိထားသည် ဟု သမ္မတရုံးပြောရေး ဆို ခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားချက်ကို လည်း AA ဘက်က ငြင်းဆိုသည်။ AA ကို အကြမ်းဖက် သမား အဖြစ် တံဆိပ်ကပ်လို၍ အမြဲတမ်းထိုသို့ စွပ်စွဲနေခြင်းဖြစ်ကြောင်း ခိုင်သုခ ကဆိုသည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးက ‘‘ကျွန်တော့်အမြင်ကတော့ အပစ် အခတ်ရပ်စဲရေးကြေ ညာ မှုတွေ လုပ်ထားပြီးတော့ နပခစစ်တိုင်း က မပါဘူး။ မပါတဲ့အခါမှာ တပ် ဘက်ကလည်း ဒီ AA တည်ရှိမှုကို အသိအမှတ်ပြုဖို့ကသဘောတူညီ ချက် တစ်စုံတစ်ရာမရဘဲနဲ့မဖြစ် နိုင်ဘူး။ အဲဒီတော့အဓိက ကတော့ အမြန်ဆုံးမြောက်ပိုင်းမှာ ဒီသုံးဖွဲ့ (TNLA၊ MNDAA၊ AA) အဖွဲ့တွေ နဲ့ ဆွေးနွေးမယ်ဆို တဲ့နေ ရာမှာ ဆွေးနွေးပြီးအဖြေတစ်ခုထုတ်ဖို့၊ အဖြေတစ်ခုထုတ်ပြီး အပစ်ရပ် နိုင်မှသာလျှင် ဒီအဖြေကိုရှာနိုင်မှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

အပစ်ရပ်စဲရေး ကြေညာမှု တွင် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေမပါဝင်ပါက ရခိုင် ပြည်နယ်အတွင်း ဖြစ် ပွားနေသည့် တိုက်ပွဲများရပ်တန့်နိုင်မည် မ ဟုတ်ကြောင်း ၎င်းကဆိုသည်။

‘‘ရဲကင်းစခန်းပဲတိုက်တိုက်၊ လှုပ်ရှားနေတဲ့ စစ်ကြောင်းကိုပဲ တိုက်တိုက်နယ်မြေထဲဝင်ဝင်စစ် တိုက်တာက စစ်တိုက်တာပါပဲ။ အတူတူပါပဲ။ အဓိကတော့ ဆွေး နွေးညှိနှိုင်းအဖြေမရှာဘဲတစ်ဖက် နဲ့တစ်ဖက်အပြစ် တင်နေကြမယ် ဆိုရင် ပြဿနာကပိုကြီးထွားလာ မှာပါ’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။

AA အနေဖြင့် တိုင်းရင်းသား ကျေးရွာများကို ARSA အကြမ်း ဖက်ရန်မှ ကာကွယ်ရန်ထားရှိထား သည့်ရဲကင်း စခန်းများကို ဝင် တိုက်ခြင်းသည် နောက်ကျောကို ဓားနှင့်ထိုးသည့် လုပ်ရပ်ဖြစ်သည် ဟု အစိုးရလုံခြုံ ရေးတပ်ဖွဲ့အရာရှိများက ပြောကြားထားသည်။

ရဲကင်းစခန်းတိုက်ခိုက်ခံရမှု ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ ရာ AA ၏ လုပ်ရပ်သည်အကြမ်း ဖက်လုပ်ရပ်ဟု အစိုးရကသတ် မှတ်ပြီး သောင်းကျန်းသူနှိမ်နင်း ရေးစစ်ဆင်ရေး ထိ ရောက်စွာ ဆောင်ရွက်ရန် တပ်မတော်ကို လမ်းညွှန်ထားသည်။

တစ်ဖက်တွင်လည်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့မျာ:အကြား ရှိနေသည့် ဆွေးနွေးရေး လမ်းကြောင်းကို လည်း ဖျက်မည်မဟုတ်ဘဲ ဆက်ဆွေးနွေးမည် ဟုသမ္မတရုံးကဇန်နဝါ ရီ ၇ ရက်တွင်ရှင်းလင်းခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */