Wednesday, January 9, 2019

စစ်တွေဆိပ်ကမ်း လုပ်ငန်းတာဝန်တွေယူဖို့အိန္ဒိယ အဆင်သင့်ဖြစ်

VOA
ဗွီအိုအေမြန်မာပိုင်း 
January 09, 2019
အရှေ့ကြည့်မူဝါဒကို အဓိကတိုးမြှင့်ဆောင်ရွက်နေတဲ့ အိန္ဒိယအစိုးရက အိမ်နီးချင်း မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်း ကွပ်ကဲမှုကို တာဝန်ယူဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

စစ်တွေဆိပ်ကမ်းက အခြေခံအဆောက်အအုံတွေကို အိန္ဒိယရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အခု စတင် လည်ပတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အိန္ဒိယအစိုးရ ရေကြောင်းနဲ့ ကုန်းလမ်းသယ် သူပို့ ဆောင် ရေးဆိုင်ရာ ဝန်ကြီး Mansukh L. Mandaviya က အိန္ဒိယ အောက်လွှတ်တော်အမတ် Rajya Sabha ရဲ့ အမေးကို စာနဲ့ပြန်လည် ဖြေကြားခဲ့ကြောင်း Sputnik သတင်းမှာ ဖေါ်ပြထားပါတယ်။

စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးဟာ ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်းနဲ့ ဒီစီ မံကိန်းကို အိန္ဒိယ မြန်မာ ၂ နိုင်ငံ ရေလမ်းကုန်းလမ်း သယ်ယူပို့ဆောင်ရေးအတွက် ရည်ရွယ်လုပ်ဆောင် တာဖြစ်ပြီး စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယ အရှေ့ခြမ်းက ဆိပ်ကမ်းတွေ အားလုံးကို ၂ နိုင်ငံ ကုန်သင်္ဘောတွေ အတွက် အသုံးပြုမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Mansukh ကပြောပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကနေ အိန္ဒိယအရှေ့မြောက်ဒေသအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ် တခုဖြစ် လာ စေပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်တွေဆိပ်ကမ်းနဲ့ စစ်တွေ- ပလက်ဝ ကုန်းတွင်းရေကြောင်းလမ်းအတွက် စီစဉ်ကွပ်ကဲမှုဆိုင်ရာ သဘောတူစာချုပ်ကို မနှစ်က အောက်တိုဘာလ ၂၂ ရက်နေ့မှာ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံကြား ချုပ်ဆိုခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့ စီးပွါးရေးစင်္ကြန်နဲ့ ခါးပတ်လမ်းစီမံကိန်းကို တန်ပြန်ဆောင်ရွက်တဲ့ အနေနဲ့ အိန္ဒိယက အရှေ့ တောင်အာရှ နိုင်ငံတွေနဲ့ ဆက်သွယ်နိုင်ရေးကို အပြင်းအထန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */