နယ်စပ်ခြံစည်းရိုးများအား ဖျက်ဆီးလာသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရ
နေပြည်တော် ဇွန် ၂၉
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံထားမှုအား ဖျက်ဆီးလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်းသိရသည်။

မောင်တောမြို့နယ် တောင်ပြို(ယာ) ရဲကင်းစခန်း၏ မြောက်ဖက် ကိုက် ၂၀၀ ခန့်အကွာ တောင်ပြို(ယာ) ချောင်းပေါက်ဝ အနီးရှိ မြန်မာဘက်ခြမ်း၌ ရေတိုက်စား၍ ပေ ၁၈၀ ခန့် ပျက်စီးသွားခဲ့သည့် ခြံစည်းရိုးအစား ယာယီသစ်သားတိုင်၊ သံဆူးကြိုး များဖြင့် ယာယီပြန်လည် ကာရံထားခဲ့သည်။
ဇွန် ၂၈ ရက် ညနေ ၃ နာရီခွဲတွင် တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်က အဆိုပါခြံစည်း ရိုးအား လာရောက် ဖျက် ဆီးနေသည်ကို တွေ့ရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အော်ဟစ် မောင်းထုတ်သဖြင့် ထွက်ခွာသွားခဲ့ ကြသည်။
ညနေ ၆ နာရီတွင် ၎င်းတို့ထပ်မံရောက်ရှိလာပြီး အဆိုပါ ခြံစည်းရိုးတိုင်များအား ထပ်မံဖျက်ဆီးနေသည်ကို တွေ့မြင်ရ၍ သတိပေး အော်ဟစ်ပြောဆိုရာ ထွက်ခွာသွားခြင်း မရှိဘဲ ပြန်လည်အော်ဟစ်ပြောဆိုပြီး ခြံစည်း ရိုးတိုင်များအား လွှဖြင့် ဆက်လက် ဖျက်ဆီးနေသောကြောင့် ရဲအရာရှိတစ်ဦး က အမ်အေ-၁၁သေ နတ် ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။
ထို့နောက်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ခြံစည်းရိုးအား သွားရောက်စစ်ဆေးခဲ့ရာ တိုင် ၄ တိုင်ခန့် ပျက်စီး သွားကြောင်း တွေ့ရှိရပြီး ထပ်မံမဖြစ်ပွားစေရေး စောင့်ကြည့်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:
Post a Comment