ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား ဖမ်းဆီးရမိ
မတ် ၂၆၊၂၀၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း၌ ရေချမ်းပြင်မှ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ် ကမ်းသို့ သွားရောက်မည့် မေယုဘုရင် ဇက်ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ် တစ်စီးပေါ်၌ တင်ထားသည့် SCG ဆင်တံဆိပ် ဘိလပ်မြေအိတ်များအတွင်းမှ ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ WY/R စိတ်ကြွ ရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
ရေချမ်းပြင်မှ ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းသို့ သွားရောက်မည့် မေယုဘုရင် ဇက်ရေယာဉ်ပေါ်ရှိ မော်တော်ယာဉ်များအား မတ်လ ၂၄ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရေချမ်းပြင် ရဲကင်းစခန်းမှူး ရဲအုပ် ကျော် စိုးဦး နှင့်အဖွဲ့၊ ခုတင်ပိုက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် တို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့ သည် ရှာဖွေစစ်ဆေးခဲ့သည်။
ဇက်ရေယာဉ်ပေါ်ရှိ ယာဉ်အမှတ် 9I/5759 Skat အမျိုးအစား မော်တော်ယာဉ်ပေါ်၌ တင်ထားသည့် ဘိလပ် မေ အိတ် ၁၀၀ ခန့်အနက် SCG ဆင်တံဆိပ် ဘိလပ်မြေအိတ် ၁ အိတ် အတွင်းမှ ပလပ်စတစ် အကြည်ဖြင့် ထုတ်ထားသည့် မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆေးပြားများတွေ့ရှိခဲ့သည်။
မော်တော်ယာဉ်အား အသေးစိတ်ရှာဖွေရန် ကမ်းပေါ်သို့ မောင်းနှင်ခိုင်းစဉ် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ် ကွက်နေ မောင်တောခရိုင်ပညာရေးမှူးရုံးမှ စာရေးအဆင့် ၂ ရှိ ဦးထွန်းလှ၏ သား ယာဉ်ပိုင်ရှင် ကျော်ကျော် လင်း (၃၁ နှစ်) နှင့် မောင်တောမြို့၊ အမှတ် ၁ ရပ်ကွက်နေ ယာဉ်မောင်း ထွန်းအောင်သိန်း(ခ) မောင်ချေ တို့နှစ်ဦးသည် ထွက်ပြေးသွားခဲ့သဖြင့် ဆက်စပ်နယ်မြေများသို့ ပိတ်ဆို့ ရှာဖွေဖမ်းဆီးရန် အကြောင်း ကြား ခဲ့သည်။
ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ နယ်မြေ ၉၊အငူမော်ရဲကင်းစခန်းရှေ့အငူမော်-မောင်တော ကားလမ်းပေါ်၌ အငူမော်ရဲကင်းစခန်းမှူး၊ ဒုတိယရဲမှူးသိန်းနိုင် ဦးစီးပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖြတ် သန်းလာသည့် မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေးခဲ့ရာ ထွက်ပြေးသွားသည့် ကျော်ကျော်လင်း (၃၁ နှစ်) နှင့်အတူ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်နေ ဦးလှမောင်၏ သား နေဇော်မင်း (၃၁ နှစ်) နှင့်၎င်း၏ဇနီး မောင်တောမြို့နယ်၊ ခမောင်းဆိပ် အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းပြဆရာမ မမြသန္တာ (၃၃ နှစ်) တို့ လိုက်ပါလာသည့် 4L/5194 Wish အမျိုးအစား ယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ကျော်ကျော်လင်း ထံမှ ငွေ (၄၂၉၀၀၀) ကျပ် သိမ်းဆည်းရမိခဲ့သည်။
9I/5759 Skat အမျိုးအစား မော်တော်ယာဉ်ပေါ်ရှိ SCG ဆင်တံဆိပ် ဘိလပ်မြေအိတ် ၁၇ အိတ် အတွင်းမှ ငွေကျပ်သိန်းပေါင်း ၁၉၄၈၈ တန်ဖိုးရှိ ပလပ်စတစ်အိတ်အကြည်ဖြင့် ထုတ်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၉၆၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ ကျော်ကျော်လင်း၊ နေဇော်မင်းနှင့် မမြသန္တာတို့ ၃ ဦးနှင့် ထွက်ပြေးလွတ်မြောက် နေသည့် ထွန်းအောင်သိန်း (ခ) မောင်ချေ တို့အား စစ်တွေမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေ သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
--------------------------------------------------------------------------------------------------------------------------

Psychotropic drugs caught in Yaychanpyin Port, Sittway
March 26, 2018
Police forces seized around 649,600 psychotropic drug tablets, estimated to be worth Ks 1,948.8 million, hidden in seventeen SCG cement bags in one of the motor vehicles aboard the Mayu Bayin watercraft en route from Yaychanpyin Port, Sittway Township to Angumaw Port, Yathedaung Township on 24 March.
Yaychanpyin police force searched the watercraft around 4:55pm and found the drugs
wrapped in clear plastic in an SCG cement bag in a SKAT truck onboard. The drugs were branded with the letters WY/R on them.
Upon inspection the police force discovered the car belonged to Kyaw Kyaw Lin, son of Upper Clark U Htun Hla from Maugtaw District Education Office, and his driver Htun Aung Lin (a) Maung Chay from Ward-1, Maungtaw City.
The two men escaped the ship and police forces kept a lookout in checkpoints near the area. Police forces halted and inspected a WISH (4L/5194) car on the Angumaw-Maungtaw road near Ward-9 in Yathedaung Township. The car belonged to Nay Zaw Min, son of U Hla Maung from Pyitawtar Ward in Sittway City, and his wife Ma Mya Thandar, a middle school teacher from Kamaung Seik B.E.H.S in Maungtaw Township. Police officers apprehended Kyaw Kyaw Lin who was in the car and confiscated Ks 429,000 from him.
Sittway Myoma Police Station has filed a case against Kyaw Kyaw Lin, Nay Zaw Min, Ma Mya Thandar and runaway Htun Aung Thein under the Narcotic Drugs and Psychotropic Substances Law.

No comments:
Post a Comment