ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
သားညွန့်ဦး

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ရခိုင်ပြည်နယ်တွင်း ဒေသခံတိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ပိုအရေး ကြီးပြီး၊ ဒီလို အမျိုးသားကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရမှပဲ ငြိမ်းချမ်းရေးရနိုင်မယ်လို့ မြန်မာနိုင်ငံအနောက် ခြမ်းမှာ မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်က ပြော လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်အစွန်းရောက်ပြဿနာတွေကိုလည်း သူတို့အနေနဲ့ စောင့်ကြည့်အကဲခတ်နေတယ်လို့ ပြောပါတယ်။ ၀ ဒေသ ငြိမ်းချမ်းရေး နှစ်၃၀ ပြည့်ကျင်းပရာ ပန်ဆန်းမှာလုပ်တဲ့ AA သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးမှာပါ။
၀ ဒေသ ငြိမ်းချမ်းရေး နှစ်၃၀ ပြည့် အခမ်းအနားကို ဝပြည်သွေးစည်းရေး UWSP ဌာနချုပ်ရှိရာ ပန်ဆန်း မှာပြုလုပ်တော့ အစိုးရတာဝန်ရှိသူတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ရာ မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အဓိကခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။ AA ရခိုင်လက် နက်ကိုင်အဖွဲ့ဟာ မြန်မာအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေ တာကြောင့်၊ AA ခေါင်း ဆောင်တွေရဲ့ လှုပ်ရှားပြောဆိုမှုဟာ ဒီပွဲမှာ အများ စိတ်ဝင်စားမှုခံခဲ့ရပါတယ်။
မနေ့ ဧပြီလ ၁၇ ရက်နေ့က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာတော့ မြန်မာအာဏာပိုင်တွေဖက်က သူတို့အပေါ် စွပ်စွဲပြောဆိုနေတာတွေအပေါ် ချေပ ရှင်းလင်းတာတွေ လုပ်ပါ တယ်။ အထူးသဖြင့်တော့ AA အဖွဲ့ဟာ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့နဲ့ ပူးတွဲပြီး သူတို့အပေါ် စစ်ဆင် ရေး လုပ်နေတယ်ဆိုတဲ့ မြန်မာစစ်တပ်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ AA စစ်ဦးစီးချုပ် က ငြင်းဆိုပါတယ်။ ARSA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို သူတို့အနေနဲ့လည်း သတိထားစောင့်ကြည့်နေတာရှိ တယ်လို့ လည်း ပြောပါတယ်။
“အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကို ယုတ္တိ မရှိတဲ့ စွပ်စွဲချက်အဖြစ် ကျနေ်ာတို့ ငြင်းဆိုပါတယ်။ နောက်တချက်ကတော့ ကျနော်တို့လည်း ARSA အဖွဲ့အစည်းကို ကျနော်တို့ လေ့လာပါ တယ်။ လေ့လာတယ်ဆိုတာကတော့ ပြောမယ်ဆိုရင် ထောက်လှမ်းတယ်ပေါ့ဗျာ။
ထောက်လှမ်းတယ်ဆိုတာ သူတို့ဘယ်လို လက်နက်ရှိသလဲ ၊ ဘယ်လိုသင်တန်းတွေပေးနေသလဲ ။ အင်အာဘယ် လောက်ရှိသလဲ။ ဒီအဖွဲ့အစည်းမှာ နိုင်ငံရေးရည်မှန်းချက်က ဘာလဲ ၊ ဘာသာရေးသမား အစွန်းရောက်တွေဘယ် လောက်အထိပါဝင်နေသလဲ ဆိုတာ ကျနော်တို့လည်း စိုးရိမ်စိတ်နဲ့ ကျနော်တို့ လေ့လာပါတယ်။ ထောက်လှမ်းပါတယ်။ တကယ် ကျနော်တို့ လေ့လာမိတဲ့ အချိန်မှာ သူတို့ ကိုင်ထားတဲ့ လက်နက်တွေကို ကျနော်တို့ ကြည့်လိုက်တယ်။ သူတို့မှာ လက်နက်အကောင်းတွေကိုတော့ ဒီနေ့အထိတော့ မတွေ့မိသေးဘူး။ ဒါပေမယ့် လျော့တွက်လို့တော့ မရဘူးပေါ့နော်။”
ရခိုင်ပြည်နယ်တွင်း အစိုးရလုံခြုံရေးတပ်တွေအပေါ် စစ်ဆင်ရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့နဲ့ ပူးတွဲလှုပ်ရှားတဲ့ အထောက်အထားတွေရရှိထားတယ်ဆိုပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွေမှာ ဖော်ပြသလို သတင်းစာရှင်းလင်းပွဲတွေမှာလည်း မြန် မာစစ်တပ်ဖက်က စွပ်စွဲထားပါတယ်။ ဒေသတွင်းက လုံခြုံရေးရဲစခန်းတွေကို AA ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ ဒီလုံခြုံ ရေးတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့ကွပ်ကဲမှုအောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေသာ ဖြစ်တာကြောင့်ဆိုပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုံ့ပြန်ပြောပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာနေတဲ့ မွတ်ဆလင်တွေဟာလည်း အခြားဒေသခံတွေနည်းတူ ဖိနှိပ်ခံရမှုတစုံတ ရာရှိနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြု ပြောသွားပါတယ်။
“ဒီရခိုင်ပြည်မြောက်ပိုင်းမှာနေတဲ့ မွတ်ဆလင်အကုန်လုံးက လူဆိုးတွေတော့မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ ဖိနှိပ်မှုဒဏ်ခံနေရတာတွေလည်းရှိတယ်။”
ရခိုင်ဒေသမှာ ငြိမ်းချမ်ရေးထက် ရခိုင်လူမျိုးတွေ ကိုယ်ပိုင်ပြဌန်းခွင့်ရဖို့က ပိုအရေးကြီးနေတယ်လို့လည်း AA စစ်ဦးစီးချုပ်က ပြောပါတယ်။
“ငြိမ်းချမ်းရေးဆိုတာ ဆုတောင်းနေလို့မရဘူး တကယ်ကျနော်တို့က ငြိမ်းချမ်ရေးကိုလိုချင်တာကတော့ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့အတွက် ငြိမ်းချမ်ရေးထက် ကိုယ်ပိုင်ပြဌန်းခွင့်နဲ့ အမျိုးသားကံကြမ္မာ ဖန်တီးခွင့် က အရေးကြီးတယ်။ ဒါရပြီဆိုရင် ငြိမ်းချမ်းရေးကတော့ ရပြီးသားပဲ။”
တဖက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် တရုတ်ကကြားဝင် ညှိနှိုင်းပေးမှုနဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆွေးနွေးပြောဆိုတာတွေရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့ တိတိကျကျ တိုးတက်တဲ့ ရ လဒ်တွေမရခဲ့ဘူးလို့ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် အကူအညီတွေပေးနေသလို၊ ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့လည်း ကြားဝင်မှုတွေရှိနေတာပါ။
ရခိုင်ပြည်နယ်တွင်း မှာဆိုရင်တော့ အထူးသဖြင့် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားတာတွေရှိပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်တွင်း ဖွံဖြိုးရေး စီမံကိန်းတွေနဲ့ပတ်သက်လို့ သူတို့ဆန့်ကျင်မှုမရှိဘူးလို့ AA စစ်ဦးစီးချုပ်က ပြောပါတယ်။
“ကျနော်တို့ ULA အနေနဲ့ စီမံကိန်းတွေကို ဆန့်ကျင်တဲ့သဘောမရှိပါဘူး။ ဒီစီမံကိန်းတွေဟာ ကျနော်တို့ အနာဂတ်ရခိုင်ပြည်နယ် တိုးတက်လာဖို့အတွက် ဒါကောင်းကျိုးတစုံတရာ ပံ့ပိုးမှုဖြစ်လာမယ်လို့ ကျနော်တို့ အမြင်သဘောထားရှိပါတယ်။”
ဝဒေသမှာ ကျင်းပတဲ့ ၀ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားကို AA ထိပ်ပိုင်းခေါင်းဆောင်တွေ တတ် ရောက် သလို၊ မြန်မာအစိုးရဖက်ဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ငြိမ်းချမ်ရေးကော်မရှင်ဒုက္ကဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးမိုးဇော်ဦးတို့လည်း တတ်ရောက်ခဲ့ပါတယ်။ AA ခေါင်း ဆောင်တွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ သီးခြားတွေ့ဆုံမှုရှိ မရှိဆိုတာတော့ မသိရပါဘူး။
No comments:
Post a Comment